ဥပဒေရေးရာ

မြန်မာနိုင်ငံ၏ တရားစီရင်ရေး သမိုင်းအကျဉ်း

က၊ မြန်မာဘုရင်များလက်ထက် တရားစီရင်ရေး
ခ၊ အင်္ဂလိပ်ခေတ် တရားစီရင်ရေး
ဂ၊ ပါလီမန်ဒီမိုကရေစီခေတ် တရားစီရင်ရေး
ဃ၊ မဆလခေတ် တရားစီရင်ရေး
င၊ မျက်မှောက် နအဖခေတ် တရားစီရင်ရေး

 

၎-၁။ တရားဥပဒေစိုးမိုးရေး၏ အဓိပ္ပါယ်ဖေါ်ညွှန်းချက်များ။ (The Definition of Rule of Law)

ယနေ့မျက်မှောက်ကာလ၏ တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်သော ယူဆချက်များသည် တစုံတခု သောအတိုင်းအတာတရပ်အဖြစ် သတ်သတ်မှတ်မှတ် လက်ခံထားသည့် အနေအထားတွင် ရှိနေပြီဖြစ်သည်။ ဥပဒေ၏ပင်ကိုယ်လေးနက်မှု၊ ဥပဒေသဘောတရားများနှင့် ဥပဒေနောက်ခံသမိုင်း ကြောင်းများပေါ်တွင် အခြေခံ၍ ပေါ်ပေါက်လာခဲ့သော တရားဥပဒေစိုးမိုးရေးအား အနက်အဓိပ္ပါယ် ဖေါ်ညွှန်းရာတွင် ဥပဒေနှင့် ထိစပ်မှုရှိသော နိုင်ငံတော်အာဏာကြီးသုံးရပ်ဖြစ်သည့် ဥပဒြေုပရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အစရှိသည့် နယ်ပယ် အသီးသီးနှင့်ပတ်သက်၍ ထွက်ပေါ်လာသော အယူအဆများအဖြစ် လည်း မြင်တွေ့နိုင်ပေသည်။

 

၃-၁။ ဥပဒေများနှင့် ဥပဒေသဘောသက်ဝင်သော ပြဌာန်းချက်များ၊၊ (Types of Law)

အခန်း ( ၃ )

လူနှင့်လူမှုအဖွဲ့အစည်းများတိုးတက်ထွန်းကားလာသကဲ့သို့ ဥပဒေများနှင့်ဥပဒေပြုနည်း များသည် လည်းတိုးတက်ဖွံ့ဖြိုးလာ ခဲ့ကြသည်။ ကမ္ဘာပေါ်ရှိအချို့သောနိုင်ငံများ၏ ဥပဒေရေးရာ အခြေအနေများကို ကြည့်မည်ဆိုပါက ရောထွေးလျှက်ရှိသော ဥပဒေစံနစ်များ၊ အမျိုးမျိုးသော ဥပဒေ အမျိုးအစားများနှင့် ကွဲပြားခြား နားသော ဥပဒေလုပ်ထုံးလုပ်နည်းများကို တွေ့ရမည်ဖြစ်ပေသည်။ ၄င်းတို့အားခွဲခြမ်းစိတ်ဖြာကြည့်မည် ဆိုပါက ပြဌာန်းဥပဒေ ၊ ကွန်မွန်းလော (သို့) အင်္ဂလိပ်ရိုးရာဥပဒေ (သို့) စီရင်ထုံးဥပဒေနှင့် တဆင့်ခံဥပဒေ Delegated legislation ဟူ၍တွေ့ရမည် ဖြစ်ပေသည်။

 

တရားမျှတသော တရားခွင် ( Fair Trial) အဖွင့်လွှာ

နိဒါန်းတရားရုံးများကိုအသုံးပြု၍ လူ့အခွင့်အရေးကို တိုးတက်ရရှိအောင်လုပ်ရန်မှာ အဘယ်ကြောင့်အရေးကြီးကြောင်း၊

အခန်း ၁။ တရားမျှတသောတရားခွင်ကို ရှုမြင်ခြင်း၊

တရားခြင်းနှင့်မျှတခြင်းကို နိုင်ငံတကာစံထားချက်များအရဖြစ်စေ၊ မြန်မာ့လူ့အဖွဲ့အစည်း၏ စံထားချက်များအရ ဖြစ်စေ မည်သို့နားလည် သင့်သနည်း။ တရားမျှတသောဥပဒေကို မည်သို့နားလည်ခံယူသနည်း။

 

၁ - ၄။ ရောမတို့၏ တရားဥပဒေစိုးမိုးမှုသမိုင်း

ရောမအင်ပါယာကြီးသည် အနှစ် (၅၀၀) တိုင်အောင် တည်တံ့ခဲ့ခြင်းမှာ တရားဥပဒေစိုးမိုး၍ဟု သမိုင်းသုတေသီ တို့က ဖွင့်ဆိုကြသည်။  ရောမအစိုးရသည် တရားဥပဒေ၊ လူမှုကျင့်ဝတ်နှင့် စည်းကမ်းများကို ရေးဆွဲပြဌာန်းပြီး တိုင်းပြည်အား စနစ်တကျအုပ်ချုပ်နိုင်ခဲ့သည်။ ရောမအင်ပါယာသည် တိုင်းပြည်ပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာ ပေါင်းစုံ၊ လူမျိုးယဉ်ကျေးမှုများ ကွဲပြားခြင်းရှိခဲ့သော်လည်း အုပ်စိုးသူတို့သည် တရားဥပဒေစိုးမိုးရေးဖြင့် အင်ပါယာကြီးကို ငြိမ်ဝပ်အေးချမ်းခြင်း ရှိအောင်အုပ်ချုပ်နိုင်ခဲ့သည်။

 
More Articles...
Share on facebook
သူလို သတ္တိ ရှိရှိ ရင်ဆိုင်ပါ
You need Flash player 6+ and JavaScript enabled to view this video.
mod_vvisit_counterယနေ့ လည်ပတ်သူဦးရေ362
mod_vvisit_counterမနေ့က လည်ပတ်သူဦးရေ716
mod_vvisit_counterယခုလ လည်ပတ်သူဦးရေ12738
mod_vvisit_counterစုစုပေါင်း533262

We have: 5 guests, 1 bots online
Today: May 23, 2013