နိုင်ငံရေးသည် အသုံးချနည်းပညာမဟုတ်
နီကိုမာချီယင် ကျင့်ထုံးတွင် နိုင်ငံရေးကို သိပ္ပံပညာရပ်အဖြစ် အရစ္စတိုတယ်က သုံးနှုန်းပြခဲ့ရာ၌ မျက်မှောက်ခေတ်တွင် သုံးနှုန်းဖော်ပြကြသည့် သိပ္ပံပညာရပ်ဆိုသည်၏ အဓိပ္ပါယ်ထက် များစွာကျယ်ဝန်းပါ သည်။ အရစ္စတိုတယ်က နိုင်ငံရေးသိပ္ပံဆိုသည်မှာ လူ့ဘ၀၏ အန္တိမရည်မှန်းချက်တို့ကို သိသော သိပ္ပံပညာရပ် ဖြစ်ရုံမျှမက ဤရည်မှန်းချက်ကို ပြည့်ဝအောင်ဖြည့်ဆည်းရာ၌ လိုအပ်သော (စိတ်ဓာတ်ရေးရာမြင့်မြတ်မှု အပါအ၀င်ဖြစ်သည့်) နည်းပညာရပ်များပါ အကျုံးဝင်သည်ဟု ယူဆခဲ့လေသည်။ သိပ္ပံပညာရပ်နှင့် စပ်လျဉ်းသော မျက်မှောက်ခေတ်အယူအဆမှာ ထိုမျှလောက် ပြည့်စုံကျယ်ဝန်းခြင်းမရှိပါ။