ဒီမိုကရေစီ လေ့လာရေး စာစဉ် အခန်း(၅) အပိုင်း (၄)
မဲအများစုစနစ် (Majority System) မဲအများစနစ် ဆိုသည်မှာ မဲဆန္ဒနယ်တခု၏ ကိုယ်စားလှယ် အဖြစ်ဝင်ရောက်ယှဉ်ပြိုင် အရွေးခံသော ကိုယ်စားလှယ်လောင်းများကို မဲဆန္ဒရှင်းများက မဲပေးရွေးချယ်ကြရာတွင် ဆန္ဒမဲအများဆုံး ရရှိသူကို ရွေးချယ်ခြင်း စနစ်ဖြစ်သည်။ မဲအများစုစနစ်ကို နှစ်မျိုး ထပ်မံခွဲခြားနိုင်သည်။ ၄င်းတို့မှာ သာမန် မဲအများစုစနစ် နှင့် (Simple Majority System) နှင့် အပြတ်အသက် မဲအများစုစနစ် (Absolute Majority System) တို့ ဖြစ်သည်။ |
|
|











