ဒီမိုကရေစီ လေ့လာရေး စာစဉ် အခန်း(၁) အပိုင်း (၃)ကျိုးတူအုပ်စုများနှင့် ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံ ဒီမိုကရေစီသည် ပြည်သူ့အုပ်ချုပ်ရေးစနစ် ဖြစ်သည်ဆိုသည်နှင့်အညီ ပြည်သူ့အသံ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်တွင် ရှေ့တန်းမှ ပါဝင်လျက်ရှိသည်။ သို့ရာတွင် ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံဆိုသည်ကို တစုတစည်းတည်းအနေဖြင့် သတ်မှတ်ရန်ကား အခက်အခဲရှိပါသည်။ ပြည်သူလူထုကြီးတွင် အလွှားပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ပါဝင်နေရကား ထိုသူအားလုံးသည် တထပ်လည်း၊ တသံတည်းဖြစ်သော ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံ ဆိုသည်ကို ထုတ်ဖော်ရန် များစွာ အခက်အခဲရှိတတ်ပါသည်။ |
|
|











