ဒီမိုကရေစီ လေ့လာရေး စာစဉ်

ဒီမိုကရေစီ လေ့လာရေးစာစဉ် အခန်း(ရ) အပိုင်း (၂)

User Rating: / 2
PoorBest 

တပါတီ အာဏာရှင်ဝါဒ၏ ၀ိသေသလက္ခဏာ (Characters of Totalitarianism)

အထက်တွင် တင်ပြခဲ့သော အီတလီ ဖက်ဆစ်ဝါဒများအတွင်းမှ တပါတီ အာဏာရှင် ၀ါဒအဖြစ် သတ်မှတ်ရခြင်း အကြောင်းအရင်းများဖြစ်သော ၀ိသေသ လက္ခဏာများကို လေ့လာသူများ ဦးစွာ ကောက်နှုတ် သုံးသပ်ကြသည်။ ၄င်းလေ့လာသုံးသပ်မှု အချက်အလက် များစွာကို တွေ့ရှိရသည်။ ထို့အတူ များပြားသော၊ ကွဲလွဲသော အခြေခံအကြောင်း အရင်းများမှတဆင့် စုစည်းသော အဓိပ္ပါယ်ဖွင့်ဆိုမှု ပြုလုပ်ရေးတွင် အခက်အခဲ ရှိလာသည်။

 

ဒီမိုကရေစီ လေ့လာရေးစာစဉ် အခန်း(ရ) အပိုင်း (၁)

အပိုင်း(၂)

ဒီမိုကရေစီ၏ ဆန့်ကျင်ဘက်များ (Opponents of Democracy)

အာဏာပိုင် အာဏာရှင်ဝါဒ (Authoritarianism)

အုပ်ချုပ်ခံရမည့်ပြည်သူများ၏ သဘောထား (Will) ကို လေးစားမှုလုံးဝမပြုဘဲ အုပ်ချုပ်သူများက ၄င်းတို့ ဖြစ်စေချင်သော ဆန္ဒသဘောထားများကိုသာ ပြည်သူလူထုအတွင်း စိုက်ထူရန် ကြိုပမ်းခြင်း၊ အစိုးရ ဖွဲ့စည်း တည်ထောင်ခြင်း၊ ယင်းတို့နှင့်ပတ်သတ်၍ ဒဿနများ ချမှတ်ခြင်းတို့သည် အာဏာပိုင် အာဏာရှင်ဝါဒ၏ လုပ်ဟန်များဖြစ်သည်။

 

ဒီမိုကရေစီ လေ့လာရေး စာစဉ် အခန်း(၆) အပိုင်း (၂)

အော်လီဂါခီ (Oligarchy)

ဂရိဝေါဟာရ အော်လီဂါခီသည်လည်း အရစ္စတိုကရေစီ ကဲ့သို့ပင် လူနည်းစု အုပ်ချုပ်ရေးစနစ်ဟု အဓိပ္ပါယ်ရသည်။ သို့သော် အရစ္စတိုကရေစီ လက်ရွေးစင် လူအုပ်စုအဖြစ် လေ့ကျင့်ထားသူများ သို့မဟုတ် ၄င်းတို့ဖာသာ ၄င်းတို့ ကြွေးကြော်နေသူများက အာဏာထိန်းချုပ်ထားသော လူနည်းစု အုပ်ချုပ်ရေးဖြစ်ပြီး အော်လီဂါခီကမှု အုပ်ချုပ်ရေးစနစ် တခုအတွင်းတွင် တဖြည်းဖြည်း လူနည်းစုသာ အာဏာရရှိလာခြင်း၊ ဆက်လက်ထိန်းချုပ်ထားခြင်း သဘောကို ပိုဆောင်သည်။

 

ဒီမိုကရေစီ လေ့လာရေး စာစဉ် အခန်း(၆) အပိုင်း (၁)

ဒီမိုကရေစီနှင့် ဆန့်ကျင်သော အုပ်ချုပ်ရေးစနစ်များ

Anti-Democratic Regimes

၂၀ ရာစု နှစ်များအတွင်းတွင်း ဒီမိုကရေစီသည် အရှိန်အဟုန်နှင့် ကမ္ဘာတ၀ှမ်းတွင် တိုးတတ်ထွန်းကား လျက်ရှိကြသည်။ မည်သည့်နိုင်ငံ၊ မည်သည့် လူ့အဖွဲ့အစည်းမဆို ဒီမိုကရေစီကို ရှုထောင့်စုံ၊ ပုံစံပေါင်းစုံဖြင့် ပြောဆိုကြ၊ ကျင့်သုံးကြ၊ ချည်းကပ်ကြနှင့် ရှိနေကြသည်။ ပုသဏ္ဍာန် အမျိုးမျိုးဖြင့် အာဏာရှင်ဖြစ်နေသော လူပုဂ္ဂိုလ်၊ လူစု၊ အဖွဲ့သည်ပင်လျှင် ဒီမိုကရေစီဟူသော ဝေါဟာရကို ၄င်းတို့အကျိုးစီးပွား အာဏာကို မထိခိုက်စေအောင် ပြုပြင်ဖန်တီးကြပြီး နောက်တွင်ဒီမိုကရေစီကို ကျင့်သုံးကြောင်း ပြောဆိုနေကြသည်။

 

ဒီမိုကရေစီ လေ့လာရေး စာစဉ် အခန်း(၅) အပိုင်း (၅)

 

အချိုးကျ ကိုယ်စားပြုစနစ်

(Propotional Representation)

အချိုးကျ ကိုယ်စားပြုစနစ်ဆိုသည်မှာ ကွဲပြားခြားနားသော နိုင်ငံရေးပါတီ အသီးသီးအား ထောက်ခံမဲ ပေးလိုက်သော မဲပြားအရေအတွက် အချိုးအစားအလိုက် ပါလီမန် အမတ်နေရာကို ခွဲဝေယူခြင်း စနစ်ဖြစ်သည်။

အချိုးကျ ကိုယ်စားပြုစနစ်သည် နိုင်ငံရေးပါတီအားလုံး ၄င်းတို့ရရှိသော ထောက်ခံမဲပြား အရေအတွက် အပေါ်မူတည်၍ ကိုယ်စားပြုခွင့်ရစေသော စနစ်ဖြစ်သည်။ သာမန် မဲအများစု စနစ်တွင်မဲအများဆုံး ရရှိသူသည် ကိုယ်စားလှယ်အဖြစ် အရွေးခံရသည်။ အပြတ်အသတ်မဲအများစု စနစ်တွင် မဲဆန္ဒရှင် စုစုပေါင်း၏ ထက်ဝက်ကျော် ထောက်ခံမဲရရှိသူသည် အရွေးခံရသည်။

 
More Articles...
Share on facebook
သူလို သတ္တိ ရှိရှိ ရင်ဆိုင်ပါ
You need Flash player 6+ and JavaScript enabled to view this video.
mod_vvisit_counterယနေ့ လည်ပတ်သူဦးရေ594
mod_vvisit_counterမနေ့က လည်ပတ်သူဦးရေ716
mod_vvisit_counterယခုလ လည်ပတ်သူဦးရေ12970
mod_vvisit_counterစုစုပေါင်း533494

We have: 3 guests, 3 bots online
Today: May 23, 2013