ကိုယ်ရေး ရာဇ၀င် အကျဉ်း
ရဲဘော် ဖိုးသံချောင်း (ခ) ရဲဘော် အောင်ထက်ကို ၁၉၄၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ မန္တလေးမြို့ တွင် မွေးဖွားခဲ့သည်။ မန္တလေး စိန့်ဂျိုးဖက်ကွန်ဗင့်တွင် သူငယ်တန်း၊ စိန်ပီတာကျောင်းတွင် ၁ တန်းမှ တက္ကသိုလ် ၀င်အထိ သင်ကြားခဲ့ပြီး ၁၉၆၀ ခုနှစ်တွင် မန္တလေး တက္ကသိုလ်ကို ရောက်ခဲ့သည်။ ၁၉၆၃ ခုနှစ် ဘီအက်စီ ပထမတန်းတက်နေစဉ် ကျောင်းသားလှုပ်ရှားမှုကြောင့် ကျောင်းထုပ်ခံရသည်။ မန္တလေးခရိုင် ဗကသ အတွင်းရေးမှူး၊ မန္တလေး တက္ကသိုလ် ကျောင်းသား ညီညွတ်ရေးတပ်ဦး တွဲဘက်အထွေထွေ အတွင်းရေးမှူး တာဝန်များယူခဲ့သည်။ ၁၉၆၆ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် မြေအာက်ကျောင်းသားလှုပ်ရှားမှုကြောင့် အဖမ်း ခံခဲ့ရသည်။ ၁၉၆၉ ခုနှစ်တွင် ကိုကိုးကျှန်းသို့ အပို့ခံခဲ့ရပြီး၊ ၁၉၇၂ ခုနှစ်တွင် ထောင်မှ လွတ်သည်။ ၁၉၇၆ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့တွင် ထောက်လှမ်းရေးက နေအိမ်မှ လာဖမ်းစဉ် ထွက်ပြေးကာ ဗမာပြည်ကွန် မြူနစ်ပါတီ၏ အရှေ့မြောက် စစ်ဥနချုပ်သို့ ရောက်ရှိသွားသည်။ ယခုအခါတွင် ဗမာပြည် ကွန်မြူနစ်ပါတီ၏ ပြောရေး ဆိုခွင့်ရှိသူ တဦးအဖြစ် တာဝန်ယူနေသည်။
အပြောင်းအလဲကတော့ ဖိနှိပ်တဲ့နည်းနာဒီတလော ဗမာပြည်နိုင်ငံရေးလောကမှာ “ဒီမိုကရေစီအစိုးရ” ကြီးရဲ့ ဖိနှိပ်မှုသတင်းသစ်တွေတခုပြီးတခု ဆက်တိုက် ကြားနေရပါတယ်။ မိတ္ထိလာအရေးအခင်းကို ဗကပနဲ့ အတင်းဆွဲစပ်ပေးတာ၊ လက်ပန်တောင်းတောင်အရေးမှာ လှုပ်ရှား သူတွေကို ဖမ်းဝရမ်းထုတ်တာ၊ အခုနောက်ဆုံး ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို ပုဒ်မ ၄၀၁ (၁) နဲ့ ပြန်ဖမ်းတာ။ တလ တောင်မရှိတဲ့ ကာလတိုလေးအတွင်း ဆက်တိုက်ပေါ်ပေါက်ခဲ့တဲ့အဖြစ်အပျက်တွေ ဖြစ်ပါတယ်။ |
|
|












