ရဲဘော် တိုက်မောင်း

ကိုယ်ရေး ရာဇ၀င် အကျဉ်း

အမည်အရင်းမှာ မင်းအောင် ဖြစ်သည်။ ၁၉၆၂ ခုနှစ် မြန်မာ သက္ကရာဇ် ၁၃၂၆ တန်ခူး လဆန်း (၁၀) ရက်တွင် ပဲခူးတိုင်း ဒိုက်ဦးမြို့ နယ်၊ နှင်းဝိ ကျေးရွာ၌ ဦးဟံသနှင့် ဒေါ်သန်းမြင့်တို့မှ မွေးဖွားသည်။ မွေးချင်း (၅) ယောက် အနက် အကြီးဆုံးသားဖြစ်သည်။ ၁၉၈၂ ခုနှစ်တွင် အခြေခံပညာ အထက်တန်း အောင်မြင်ခဲ့သည်။ ၁၉၈၆ ခုနှစ် စာပေးစာယူဖြင့် သင်္ချာဘွဲ့ ရရှိသည်။ မူလတန်းဆရာအဖြစ် အိမ်ခြေ လေးဆယ် တွဲဘက် (အ- ထ-က) ကျောင်း၌ ၀င်ရောက် လုပ်ကိုင်ခဲ့သည်။ ရှစ်လေးလုံး လူထုအုံကြွမှုကြီးတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ပြီး၊ ၁၉၈၈ ခုနှစ်တွင် ပအိုဝ်း တော်လှန်ရေး နယ်မြေသို့ ရောက်ရှိခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် KNU နယ်မြေ (မကဒတ) ဗဟို၌ တပ်ရင်း (၆၀၁) ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့ပြီး၊ (မကဒတ) ဒုတိယ အကြိမ် ညီလာခံကို ညီလာခံ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ သည်။ တပ်ရင်း (၆၀၁)တွင် ပြန်၍ ၁၉၉၀ ခုနှစ်မှ ၁၉၉၁ ခုနှစ်ထိ တပ်ခွဲမှူး တာဝန်၊ ၁၉၉၁ ခုနှစ်မှ ၁၉၉၅ ခုနှစ်ထိ တပ်ရင်းမှူး တာဝန်ကို ထမ်းဆောင်ခဲ့သည်။ တော်လှန်ရေး နယ်မြေ စာစောင် အသီးသီးတွင် တိုက်မောင်း၊ ရဲထိန်၊ ဒီရဲ၊ ဗိုလ်တိုက်၊ ကေးကေးဇံ စသည့် ကလောင်အမည်များဖြင့် ကဗျာများ ရေးသားခဲ့သည်။ ၁၉၉၅ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် တော်လှန်ရေး နယ်မြေ တနေရာ၌ ကျဆုံးခဲ့သည်။

ကုလားထိုင် စိုက်ပျိုးရေး

ရာသီဥတုဟာ
ကျန်းမာရေး မလိုက်စားဖူးသူ မျက်နှာနဲ
ရောက်လာခဲ့တဲ့ ညနေပေါ့။

ဦးနှောက်အပေါက်ကြီးတခုထဲက
ရှတတ လေတွေ
အခန့်သားလာနေ
ဒီလေဟာ တယ်ယဉ်ကျေးဆိုပဲ။

 

လူတွန်သံကြားရ
အပြင်းစား နတ်ဘုရားတကောင်ရဲ့
ညာတောင်ပံ ရိုက်ခတ်သံလိုလို
ဘယ်တောင်ပံ ရိုက်ခတ်သံလိုလို။

အလို ….ဒီလိုရာသီမျိုးပေါ့
ကုလားထိုင်တွေ စိုက်ပျိုးလို့ကောင်းတဲ့ရာသီ
လှည်းကျိုး ထမ်းရတော့မယ့် ရာသီ။

အနာဂါတ်ရဲ့
ဆွေတော်မျိုးတော် တယောက်လည်း
စိုက်ပျိုးဆဲ ကုလားထိုင်ခင်းမှာ
ခပ်ပျင်းပျင်း …. ထိုင် ….
ထ ….
ရေရွတ် ….
အမှန်တရားဟာ …. ဖွတ်ချက်ကားနဲ့ လာနေပြီ။

ညီညွတ်ရေးက
အိပ်ရေးမဝတဲ့ ဝက်ဝဝကြီးလို
ဒီယိုင် ဟိုထိုး
ဟိုး…. ဆရာ …. ဟိုး …. ဟိုး
(ဖြတ်သန်းသွားလာခွင့် မပြု)
အခုလေးတင်
ကုလားထိုင် စိုက်ပျိုးပင်တွေ ကြဲထားတယ်။     ။

တိုက်မောင်း(ခ)ကေကေးဇံ

( ၀ိရောဓိလွင်ပြင်နှင့် သတ္တိတသောင်းအောင်ပွဲ ကဗျာစာအုပ်မှ ....)

 

 

မိခင်၏စာမျက်နှာနှင့် မြင့်မိုရ်တောင်တမ်းခြင်း

( …. …. )
၁။ လောကပါလတရား
(…. တခါတလေ)
မစို့မို့လေး လိမ္မာနေတဲ့ညမှာ
ကဗျာဆရာ
အမေ့ကို ကန်တော့ လိုက်ချင်တာ လက်ကုန်ပဲ။

 

ငုရင်ပြင်

မိုးပွင့်တွေမလှုံခင်
ငုံနေတဲ့ ငုတို့ရေ
တမြေခြားမှာ
ငါ ... မင်းတို့ကိုလွမ်းလှပြီကွယ်။

 

ပဥ္မမမြောက် ကြွက်

တွင်းအဟောင်း
အောင်းတဲ့ ကြွက်
တွင်းသစ်ပြင်
ဝင်တဲ့ ကြွက်

 

ဖရုဿ ညနေ

ဟေ့...သွားကြတော့မလား?

ဆင်လိုလို
ခြင်လိုလို

 

ဗီဇကြောင့်

ကျောင်းသားခေါင်းဆောင်
ထောင်ချတိုက်ပိတ်
နှိပ်စက် မီးရှို့
ပြာတို့ကြွင်းလည်း …။

 
More Articles...
Share on facebook
သူလို သတ္တိ ရှိရှိ ရင်ဆိုင်ပါ
You need Flash player 6+ and JavaScript enabled to view this video.
mod_vvisit_counterယနေ့ လည်ပတ်သူဦးရေ842
mod_vvisit_counterမနေ့က လည်ပတ်သူဦးရေ532
mod_vvisit_counterယခုလ လည်ပတ်သူဦးရေ14414
mod_vvisit_counterစုစုပေါင်း534938

We have: 3 guests, 3 bots online
Today: May 25, 2013