ဆောင်းပါး

လွတ်လပ်မှုအပေါ် ဥပဒေအရတရားဝင် ကန့်သတ်ခြင်း

အခန်း(၅)
ခုထက်ထိ ဆွေးနွေးခဲ့သမျှ အကြွင်းမဲ့ အခွင့်အရေးတွေမှာ အကန့်အသတ်တွေ၊ ချွင်းချက်တွေ၊ အရည်အသွေး ခွဲခြားသတ်မှတ်ချက်တွေ ၊ အခြားသောအခွင့်အရေးတွေကို ဆန့်ကျင် ပြီး ဟန်ချက်ညီ ထိန်းချုပ်တာတွေကို ထည့်ပြီး မဆွေးနွေးခဲ့ပါဘူး။မျိုးဖြုတ်သတ်ဖြတ်မှု၊လူသားဆန်မှုကို ဆန့်ကျင်သော ရာဇ၀တ်ပြစ်မှု၊ ကျွန်အရောင်းအ၀ယ်၊ ညှင်းပန်းနှိပ်စက်မှု တွေဟာ နိုင်ငံတကာ ရာဇ၀တ်ပြစ်မှုတွေဖြစ်တယ်ဆိုတာမြင်သာတယ်။ ကျူးလွန်သူဘယ်သူကို မဆို ၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘယ်နိုင်ငံကမဆို အပြစ်ပေးနိုင်တယ်။ ဒီအခန်းမှာ ကျွန်တော်တို့ စဉ်းစားမယ့် အခွင့်အရေးတွေကတော့ တ၇ားဝင်ချမှတ်ထားတဲ့ ရည်ရွယ်ချက်တွေကို ကာကွယ်ဖို့ရာ ဒီဇိုင်းဆင်ထားတဲ့ ဥပဒေအရ တားမြစ်ပြီး ကန့်သတ်လို့ရတဲ့ အခွင့်အရေးတွေပဲ။

 

အလုပ် နှင့် ဘ၀ ချိန်ခွင်လျှာ

ကျွန်မတက်ရောက်နေတဲ့ ကွန်ဖရင့်တခုရဲ့ အလုပ်ရုံဆွေးနွေးပွဲ အစီအစဉ်တွေထဲမှာ အလုပ်နှင့် ဘ၀ ချိန်ခွင်လျှာ (work-life balance) ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတခု ပါဝင်တာမို့ သွားတက်ဖြစ်ခဲ့ပါတယ်။ ကွန်ဖရင့်တက်ရောက်သူ နှစ်ရာကျော်ရှိပေမယ့် အများစုက ဆက်ဆံရေးအရည်အချင်း မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ၊ တင်ပြဆွေးနွေးမှု အရည်အချင်း မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲတွေကိုသာ သွားတက်သူတွေ များတာကြောင့် ကျွန်မသွားတက်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ လူသုံးဆယ်လောက်ပဲ ရှိပါတယ်။

 

ဦးခင်မောင်မြင့် သို့မဟုတ် ရှားရှားပါးပါး သံမဏိ နိုင်ငံရေးသမား

ကမ္ဘာကျော် ပန်းချီဆရာကြီး လီယိုနာဒို ဒါဗင်ချီက သူ့ရဲ့အနုပညာ အောင်မြင်မှုအဖြစ် “မိုနာလီဇာ အပြုံး” လို့ လူတွေခေါ်ကြတဲ့ ပန်းချီကားကို ဖော်ပြနိုင်ပါတယ်။ ကမ္ဘာကျော် ရုရှား စာရေးဆရာကြီး လီယိုတော်လ်စတွိုင်း က သူရေးသားခဲ့တဲ့ စစ်နဲ့ငြိမ်းချမ်းရေး ဝတ္ထုကြီးကို လက်ညှိုးထိုးပြပြီး ‘ဟောဒါက ငါ့ရဲ့အနုပညာ အောင်မြင်မှု ကွ’ လို့ ရဲရဲတင်းတင်း ပြောနိုင်တဲ့ အခြေအနေမှာ ရှိခဲ့တယ်။

 

ခေတ်သစ် ဖွံ့ဖြိုးရေးပါရာဒိုင်း ပါမောက္ခ ဖူကူယားမား၏ ပို့ချချက် - နှင့် စာရေးသူ၏အတွေးအချို့

အပြောင်းအလဲ၏ လတ်တလောအရသာ

မြန်မာပြည်ပြောင်းပါပြီ။ ဤအပြောင်းအလဲကို၊ ပြည်တွင်း  ပြည်ပရှိ၊ သဘောထားတင်းမာသူ အချို့ကပင်၊ သိမှတ်လက်ခံလာကြ ပါပြီ။ ယခင်ကဆိုလျင်၊ လူအရှင်လတ်လတ်မဆိုနှင့်၊ သူတို့စာတွေကိုပင်၊ မရဲတရဲ မိတ်ဆက်နေကြရသော၊ ကမ္ဘာသိ ပညာရှင်တွေ၊ ဝင်လာ မဆဲ၊ တသဲသဲ ရှိလာသည်။ ယခုနှစ်ပိုင်း ၂၀၁၂ ကိုပဲကြည့်။ ထောမတ်ကရိုသာ၊ မန်မိုဟန်ဆင်း၊ ပေါ(လ)ကိုလီယာ၊ လာရီဒိုင်းမွန်း၊ … အခု ဖရန်စစ် ဖူကူယားမား …။

 

ရင်ထဲကကျောင်းတော်

လူတယောက်ရဲ့ဘ၀မှာ တစိမ့်စိမ့်နဲ့ ပြန်လည်လွမ်းဆွတ် မိတတ်တဲ့ဘ၀ဟာ ကျောင်းသားဘ၀လို့ ဆိုလေ့ရှိကြပါတယ်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသားဘ၀ တွေက အစပြုလို့ တက္ကသိုလ်ကျောင်းသားဘ၀တွေအထိ ကျောင်းသားဘ၀ရဲ့ အမှတ်တရတွေက ရင်ထဲမှာ အတိုင်းအတာတခုအထိ နေရာယူထားတတ်ပါတယ်။ ကျွန်မရဲ့ရင်ထဲမှာ ဒီလိုနေရာယူထားတဲ့ ကျောင်းသားဘ၀လေးတခု ရှိပါတယ်။ အဲဒါကတော့ မွေးဖွားရာဇာတိ၊ တောင်ကြီးမြို့က အထက (၄) ဆိုတဲ့ ကျောင်းတော်ကြီးမှာ ပညာရည်နို့ သောက်စို့ခဲ့ရ တဲ့ ကျောင်းသားဘ၀လေးပါပဲ။

 
More Articles...
Share on facebook
သူလို သတ္တိ ရှိရှိ ရင်ဆိုင်ပါ
You need Flash player 6+ and JavaScript enabled to view this video.
mod_vvisit_counterယနေ့ လည်ပတ်သူဦးရေ122
mod_vvisit_counterမနေ့က လည်ပတ်သူဦးရေ476
mod_vvisit_counterယခုလ လည်ပတ်သူဦးရေ11264
mod_vvisit_counterစုစုပေါင်း531788

We have: 5 guests, 4 bots online
Today: May 21, 2013