မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များက ဒုက္ခသည်စခန်းသို့ နေ့စဉ် ဝင်ရောက် ရိုက်ခတ်လျက်ရှိနေသည်။ နှစ်ပေါင်းအတော်ကြာ ပြည်သူလူထုကို ဦးဆောင်ခဲ့သော အမေစုကိုပင် ပုန်ကန် ခြေရာတိုင်း လာကုန်ကြသည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ကုန်ကြသနည်း ဆိုသည်ကိုတော့ ကောင်းစွာ မသိရိုးအမှန်ဖြစ်၏။ တနေ့ လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် မိတ်ဆွေနိုင်ငံရေးအကျဉ်းသားဟောင်းတဦးနှင့် စကားပြောဖြစ်ခဲ့ ကြသည်။ ဦးစွာပထမသူက ဆိုလာသည်။
တိုင်းရင်းသားအရေးဖြေရှင်းရန် ပင်လုံကဲ့သို့အလားတူသော ၂၁ ရာစု ပင်လုံညီလာခံ (သို့မဟုတ်) ဒုတိယ ပင်လုံညီလာခံ ကျင်းပသင့်ကြောင်း အဆိုပြုသူများ ရှိသကဲ့သို့ လက်တွေ့ကျင်းပရန် ပြင်ဆင်စိုင်းပြင်း နေသံများပင် စတင် ကြားနေရသည်။ စာရေးသူအနေဖြင့်မူ ယင်းညီလာခံမျိုး ကျင်းပရန် လုံးဝပင်မလိုအပ်ဟုရှုမြင်သည်။ အဘယ်ကြောင့်နည်း။
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် လှုပ်ရှားဆောင် ရွက်နိုင်သူ အဖြစ် အသိအမှတ်ပြုကာ နိုဗယ်ဆု ရထားခြင်းဖြစ်သည်။ ဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဌလည်း ဖြစ်သည်။ ဥပဒေ စိုးမိုးရေး မရှိလျှင် မည်သည့် အခါတွင်မျှ ပြည်တွင်း ငြိမ်းချမ်းရေး မရနိုင်ကြောင်း သူမအသိဆုံးပင်။ သို့ပါလျှက် သိန်းနှင့်ချီသည့် ကချင်လူထုများ စစ်ပြေး ဒုက္ခသည်ဖြစ်နေသည်အထိ မီးဟုန်းဟုန်း တောက်နေသည့် ကချင် ပြည်တွင်းစစ်ကို ဥပဒေစိုးမိုးရေးရှုဒေါင့် မှ နေ၍ ချဉ်းကပ်ဆောင်ရွက်ခြင်းမရှိသေးသည်မှာ ၀မ်းနည်းဘွယ်ဖြစ်သည်။
လက်ရှိနိုင်ငံရေးအခြေအနေမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်နဲ့ လုပ်ဆောင်ချက် တွေအပေါ် အမြင်မကြည်လင်သူတချို့က ဝေဖန်ချက်ပေးနေ တာတွေကို ဖတ်ရပါတယ်။ တချို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထုအကျိုးကို မျက်ကွယ်ပြုပြီး အစိုးရအကြိုက် လိုက်လုပ်ဆောင်နေတယ်လို့တောင် စွပ်စွဲ ရေးသားနေကြပါတယ်။
စာရေးသူသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ပုဂ္ဂိုလ်အရ မဆက်ဆန်ခဲ့ဘူးသော်လည်း ယုံကြည်ချက်အတွက် သူမ၏ စွန့်လွှတ် အနစ်နာခံခဲ့မှုများအား လေးစား အသိအမှတ်ပြုသူဖြစ် သည်။ ကမ္ဘာသိခေါင်းဆောင်တဦး ပေါ်လာပြီဟူ၍ သူမအတွက် ဂုဏ်ယူသူများအနက်တွင်လည်း တဦးအဖြစ်ပါဝင်သည်။ မိမိအနေဖြင့် မီဒီယာများတွင် အကြောင်းအမျိုးမျိုးဖြင့် အကြိမ်ပေါင်းများစွာပြောဆို၊ ရေးသားခဲ့ဘူးသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် စပ်လျှဉ်း၍ တကြိမ်မျှ မဝေဘန်ခဲ့ဘူးပါ။ ဘီဘီစီသို့ ယခု ဒီဇင်္ဘာ၂၄ ရက်နေ့နံက်တွင် ပေးခဲ့သောအင်တာဗျူးတွင်မူ ဒေါ်အောင်ဆန်းစုကြည်က သမတ ဖြစ်ခြင်သည်ဟူသော ပြောဆိုချက်နှင့်စပ်လျှဉ်း၍ အနည်းငယ်စတင် ထောက်ပြခဲ့သည်။
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
Page 5 of 31
● မြို့ပြပြောက်ကျား စစ်ဆင်နည်း ● ပြည်ထောင်စု ပြဿနာ ● ပြည်တွင်းစစ် ပြဿနာ ● ၁၉၇၄/၇၅ တိုက်ပွဲမျိုးပေါ်နိုင်သည် ● UG အတွေ့အကြုံနှင့် သင်ခန်းစာ ● ရေရည်မြုပ်နှံ အခွင့်အခါကောင်းစောင့် ● လျှို့ဝှက်ရေး လုပ်ငန်းများကို ကျွမ်းကျင်စွာ ဆောင် ရွက်နည်း
Copyright © 2011 ငုရင်ပြင်. All Rights Reserved.
created with ငုရင်ပြင်.