ရှက်တတ်လျှင် လဲသေဘို့ကောင်းသော လွှတ်တော်အမတ်များ နှင့် သမတ ဦးသိန်းစိန်အရှက်နှင့် ဂုဏ်သိက္ခာကို တန်ဘိုးမထားသော ပုဂ္ဂိုလ်များအား ခိုင်းနိုင်းပြောဆိုသော မြန်မာဆိုရိုးစကား တခုရှိသည်။ ရှက်တတ်ရင် လဲသေဘို့ကောင်းသကွာ ဟူ၍ ဖြစ်သည်။ ဤစကားမှာ လွှတ်တော်အမတ်များနှင့် သမတ ဦးသိန်းစိန်တို့အတွက် မှန်နေသလိုရှိသည်။ အဘယ်ကြောင့်နည်း။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည် ဟု ကတိသစ္စာပြုထားကြသော အမတ်မင်းများသည် ၄င်းတို့ ကိုယ်တိုင်ပင် ဖွဲ့စည်းပုံကို ချိုးဖေါက်နေသောကြောင့်ဖြစ်သည်။ |
|
|











