ဆောင်းပါး

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အကြမ်းဘက် ပဋိပက္ခများအား ဥပဒေ စိုးမိုးရေးအခြေခံမှ သုံးသပ်ခြင်း အပိုင်း (၁)

နိဒါန်း
ဒီမိုကရေစီကို အသွင်ကူးပြောင်းနေသည်ဟု ကြွေးကြော်ဖေါ်ဆောင်နေသော ဦးသိန်းစိန်အစိုးရ လက်ထက်တွင် တိုင်းရင်းသားပြည်နယ်များ၌ စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေးရရန် အလားအလာမတွေ့ရသေး။ လက်နက်ကိုင်တိုက်ပွဲ မဖြစ်ပွားသည့် မြေပြန့်ဒေသများမှာပင် အကြမ်းဘက်ပဋိပက္ခများတိုးများလာ၊ နိုင်ငံပြင်ပမှလည်း ဟိုကသည်က ခြိမ်းခြောက်မှု များပေါ်လာလျှက်ရှိနေကြောင်းတွေ့ရသည်။ တိုင်းပြည်လုံခြုံရေးတပ်ဖွဲ့များကိုထိတ်လန့်ရ၊ ဘာသာရေး အစွန်းရောက်များကို ကြောက်ရ၊ အကြမ်းဘက်သမားများ၏ အန္တရာယ်ကို သတိထားနေရနှင့် တိုင်းပြည်၏ ဒေသအမြောက်အများသာမန်လူထုပေါင်းမြောက်များစွာမှာ ယုံသူငယ်များ ဘ၀သို့ကျဆင်းနေရသည်။

 

“ပေါက်ဖော်မကြီးရဲ့ လက်မဲ”

ယနေ့ ခေတ်ဖြေလျော့မှုကာလအတွင်း မြန်မာ့ ပဋ္ဋိပက္ခများနဲ့ ပတ်သက်၍ လူကြိုက်များသော ထင်မြင်ယူဆချက်မှာ နောက်ကွယ်မှ ကြိုးကိုင်သူ လက်မဲကြီးရှိသည်ဟူ၍ဖြစ်၏။ ၎င်းလက်သည်မှာ စာအုပ်စာပေတွင်သာဘ၀ကိုမြှုပ်နှံထားသူကြီးအဖြစ်၎င်း၊ နိုင်ငံရေး အာဏာပြိုင်နေကြသော အုပ်စု ၂ ခုကြောင့်၎င်း…စကားလုံးကြီးကြီးသုံးရလျှင် power figures များအားပြိုင်နေကြသောကြောင့်၎င်း၊ စသဖြင့် Conspiracy Theory (လက်ထောက်ချ သီအိုရီ ဟုမြန်မာမှုပြုရနိုင်အံ့ထင် ရသော) ကို ဗဟိုပြုကောက်ချက်ဆွဲကြသော ဆင်ခြင်မှုများဖြစ်နေ သည်ကိုတွေ့ ရမည်ဖြစ်၏။

 

အခြေခံဥပဒေဟု ဆိုရာဝယ် (၁)

နိုင်ငံများမှာ အခြေခံဥပဒေတွေရှိကြတယ်။ ပုံမှန်အားဖြင့် မျက်မှောက်ခေတ် အခြေခံဥပဒေတို့တွင် ယေပူယျ - ပြည်သူတွေ၏ အခွင့်အရေးများကို ကမ္ပည်းထိုး (စာဖြင့်ရေးထား) ပြီး၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော နိုင်ငံတွေဆိုလျင် အခြေခံဥပဒေအတိုင်း နိုင်ငံနှင့် ပြည်သူအကျိုး အတွက် ပြည်သူ့ဆန္ဒနှင့်အညီ လက်တွေ့မှာပါ ကာကွယ်ပေးဒါကို တွေ့ရှိနိုင်တယ်။
နောက်ပြီး အာဏာကို ဘယ်ပုံဘယ်နည်း ခွဲဝေသတ်မှတ်သုံးစွဲရမယ်။ အစိုးရအဖွဲ့ကိုလည်း ဘယ်လို ဖွဲ့စည်းတည်ဆောက်ထားသလဲ ဆိုဒါတွေပါ တွေ့ရှိနိုင်တယ်။

 

 

ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာအပေါ် သုံးသပ်ချက်

ရခိုင်ပြည်နယ်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် အမှန်တရားကို မဖေါ်ထုတ်။ ဥပဒေစိုးမိုးရေးအုတ်မြစ်ကို မချမှတ်။

စကထဲကလွဲခဲ့သော ကော်မရှင်
ကော်မရှင်ပဋိထမ်းဆောင်ရမည့် အဓိကကျသော သုတေသနမေးခွန်းနှင့်စပ်လျှဉ်း၍ စကထဲကလွဲခဲ့သည်။ ၂၀၁၂ ခုနှစ် သြဂုတ်လ ရက်နေ့စွဲဖြင့် သမတဦးသိန်းစိန်၏ တာဝန်ပေးစာတွင် ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် မေလနှင့် ဇွန်လအတွင်း၌ တည်ငြိမ်အေးချမ်းရေး နှင့် ဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေသည့် လူစုလူဝေးဖြင့် ဥပဒေမဲ့ဆောင်ရွက်မှုများ၊ တိုက်ခိုက်သတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ ပဋိပက္ခ ဖြစ်ပွားမှုနှင့်စပ်လျှဉ်း၍ ဖြစ်စဉ်ဖြစ်ရပ်အမှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန်နှင့် အမျိုးသားအကျိုးစီးပွားတိုးတက်ရေး အကြံပြုရန်အတွက် အောက်ဖေါ်ပြပါ ပုဂ္ဂိုလ်များ ပါဝင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးအပ်လိုက်ပါသည် ဟူ၍ ဖေါ်ပြထားခဲ့သည်။

 

မှုခင်းဖြစ်ပွားရာနေရာ လေ့လာဆန်းစစ်ချက် (Crime Scene analysis)

မှုခင်းဖြစ်ပွားရာနေရာ လေ့လာဆန်းစစ်ချက်များ ပြုလုပ်ရာမှာ ရှာဖွေခြင်း၊ မှတ်တမ်းပြုစုခြင်း၊ သက်သေခံ အထောက်အထားများကို ခြေရာလက်ရာ မပျက်အောင် ထိန်းသိမ်းခြင်း စတာတွေ ပြုလုပ်ရတဲ့အတွက် မှုခင်းဖြစ်ပွားရာနေရာ လေ့လာဆန်းစစ်ချက် ဆိုတာကို ဖြည်းဖြည်းမှန်မှန်နဲ့ စနစ်တကျ ပြုလုပ်ရတဲ့ ဖြစ်စဉ်တရပ်အဖြစ် မှုခင်းပညာရှင်များက ဆိုလေ့ရှိကြပါတယ်။ ကောင်းမွန်သော ဆက်ဆံရေးနဲ့ စနစ်တကျ စုဖွဲ့လုပ်ဆောင်နိုင်မှုဟာ မှုခင်းဖြစ်ပွားရာနေရာ ဆန်းစစ်ချက်ရဲ့ အရည်အသွေးကို ဖော်ပြပေးပါတယ်။

 
More Articles...
Share on facebook
သူလို သတ္တိ ရှိရှိ ရင်ဆိုင်ပါ
You need Flash player 6+ and JavaScript enabled to view this video.
mod_vvisit_counterယနေ့ လည်ပတ်သူဦးရေ262
mod_vvisit_counterမနေ့က လည်ပတ်သူဦးရေ476
mod_vvisit_counterယခုလ လည်ပတ်သူဦးရေ11404
mod_vvisit_counterစုစုပေါင်း531928

We have: 2 guests, 1 bots online
Today: May 21, 2013