အပြာရောင်အမှုန်စစ ကြားက မျက်လုံးပေါင်းတစ်ထောင်နဲ့ အကောင်ပလောင်တွေဟာ
ခါးကြားမှာ ညှပ်ထားတဲ့ စပီကာအသံတွေကြားမှာ
မျက်မှန်နဲ့နာရီတွေကို ဟမ်ဘာဂါလုပ်ထားတဲ့ ခုံတန်းတွေထက်မှာ
ငရဲမီးနဲ့စား ၊ ဈေးလျှော့ဝယ်ဖို့ အကွက်ဆင်ထားတဲ့ စစ်တုရင် ရွှေန၀လီတွေလက်မှာ
သေချာတယ် . . . ဒါဟာနိုင်ရာစား တောရိုင်းကြီး