မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ပေါ်ပေါက်လာပုံနှင့် ကျမ၏အစောပိုင်းကာလ ဒိုင်ယာယီ (အပိုင်း ၁)
အချိန်တချိန်ထဲမှာပင် တဦးနှင့်တဦး Memoir မတူကြပါ၊ တဦးကရီနေသော်လည်း တဦးကငိုနေရသောအချိန်ဖြစ်ကောင်းဖြစ်မည်။
ထို့ ကြောင့်(မကဒတ)နှင့်ပက်သက်ပြီး အခြားသူများအတွေအကြုံကို၊ ကျမ မသိမှီလိုက်တာ ရှိသလို ၊ ကျမ၏အတွေ့ အကြုံကိုလည်း ၊ အခြားသူများ ကြုံချင်မှကြုံပေလိမ့်မည်။ (မကဒတ) အစောပိုင်းကာလ ဖြစ်စဉ်တချို့ ကို၊ ကျမ၏ ဒိုင်ယာယီ နှင့် ဆရာမစီစီမာ ၏ ဒိုင်ယာယီ နှစ်ခုအားပေါင်း ကာ ရေးသားတင်ပြပေးခြင်းဖြစ်ပါသည်။
၁၉၈၈-ခု စက်တင်ဘာလ ၁၈ .ရက်နေ့  စစ်အာဏာရှင် နေ၀င်း ၊ စောမောင် အုပ်စုမှ ၈ လေးလုံး အရေးတော်ပုံကြီးအား ၊ အကြမ်းဖက်ဖြိုခွင်းပြီးနောက်၊ ကျောင်းသားများ ၊နယ်စပ်ဒေသ အသီးသီးသို့ အခက်ခဲ မျိုးစုံဖြင့်ထွက်လာခဲ့ကြပါသည်။
ထွက်လာကြသောကျောင်းသားများသည် -
၁။လက်နက်ကိုင်တော်လှန်ရေးအသွင်ပြောင်း မည်ဟု ၊ ဆုံးဖြတ်ထားပြီးထွက်လာသောအုပ်စု
၂။စစ်အာဏာရှင်တို ၏ ဗရမ်းဗတာ ဖမ်းဆီးနှိပ်စက်မှုကြောင့်ဘာမှစဉ်းစားဆုံးဖြတ်ချိန် မရဘဲ၊ ရှောင်တိမ်းလာခဲ့ရသောအုပ်စု
၃။မည်သည့် နည်းဖြင့်မဆို၊ စစ်အာဏာရှင်ပြုတ် ကျရေးအတွက် အကောင်းဆုံးနည်းလမ်းများရှာကာ ဆက်လက်တိုက်ပွဲဝင်မည်ဟု
ဆုံးဖြတ်ချက် ချထားသောအုပ်စု တို့ ဖြစ်သည်။
ကျမတို့ မြ၀တီ အဖွဲ့  မှာ ယခုချိန်တိုင်တာဝန်ထမ်းဆောင်နေသော (မကဒတ)စစ်ရေးတာဝန်ခံ ကိုထွန်းထွန်း နှင့်ကျောင်းဆရာမ
လေး ဦး မှ ဦးဆောင်ကာ ကျောင်းသား ၁၃၇ ဦးနှင့်အတူ ထိုင်းဘက်ကမ်းသို့ ပထမဆုံးထွက်လာခဲ့ကြသောအဖွဲ့ ဖြစ်သည်။ ပထမဦး
စွာ မယ်တော် မြန်မာဘုန်းကြီးကျောင်းတွင်ယာယီ ခိုနား ခဲ့ကြပြီး၊ ထိုင်းရဲများ၏ခေါ်ဆောင်သွားမှုဖြင့်(KNU) ကရင်အမျိုးသားအစည်း
အရုံးနယ်မြေ သေဘောဘိုး စခန်းသို့ ရောက်ရှိခဲ့ကြသည်။
သေဘောဘိုး ဈေးသို့ ရောက်စ အချိန်က ကျောင်းသား ၅၀၀၀-ကျော်ခန့် ရှိနေသဖြင့်၊ ကရင်အမျိုးသား အစည်းအရုံးက မမျှော်
လင့်ဘဲရောက်လာသောကျောင်းသားများကို ကြိုဆိုကာ စားသောက်ရေးအတွက်ဖြစ်နိုင်သလိုအမြန်စီစဉ်ကြသည်။တတောလုံးရှိအ
သီးအရွက်များ ခူးဆွတ်ကာ တာလပေါ့ ဟင်းကိုနိုင်နိုင်ချက်နေကြတော့သည်။
ကျမတို့ အုပ်စုထမင်းစားရန်အတွက် မနက် ၉ နာရီ ထဲက တန်းစီခဲ့သည်မှာ နေ့ လည် ၂ နာရီ ထိုးမှ ကျမတို့ အလှည့်ရောက်ခဲ့ရ
သည်။
နယ်အသီးသီးမှရောက်လာသော ကျောင်းသားကိုယ်စာလှယ်များ စုစည်းကာ နေ့ စဉ်လိုလို ရှေ့ ဆက်မည့်ခရီးအတွက် ဆွေးနွေး
အဖြေရှာကြသည်။ (KNU) အမျိုးသားအစည်းရုံးမှအကြံပေးလာသည်မှာ သေဘောဘိုး နယ်မြေသို့ ရောက်ရှိလာသောကျောင်းသား
များလွန်းသည့်အတွက် အခြားစခန်များတွင် ခွဲ နေပေးကြရန်ဖြစ်သည်။
၁၉၈၈-ခု အောက်တိုဘာလ ၁၆ -ရက်နေ့ တွင် သေဘောဘိုးနယ်မြေရောက်ကျောင်းသားများ အစည်းဝေးတရပ်ပြုလုပ်ကြ
သည်။(ကျောင်းသားအဖွဲ့ အစည်း အမည်ရွေးချယ်ရန်အတွက်ဖြစ်သည်)
ထိုနေ့ တွင်ပါဝင်တက်ရောက်သူများစာရင်း ကျမတို့ မှတ်မိသလောက်မှာ -
၁ ။ရိုဘီနာ
၂ ။စီစီမာ
၃ ။ဒေါ်အေးအေးစိုးဝင်း
၎ ။ယဉ်ယဉ်ထွန်း
၅ ။သီသီခင် (သီသီခင်မှာ အကြောင်းတခုကြောင့် အခန်းထဲမှ ခဏထွက်သွားပြီး မကြာမှီ ပြန်ဝင်လာသည်)
၆ ။ဆလိုင်းကိုကိုဦး
၇ ။ဦးစိုးခိုင်
၈ ။ဦးမျိုးချစ်
၉ ။ကိုလှအောင်
၁၀။စိုးမိုးလိုင်
၁၁။ရွှေထွန်း
၁၂။ကိုဝမ်ဟုတ်
၁၃။မောင်သန်းရွှေ
၁၄။အုန်းမြင့် နှင့်အခြားအမည်မမှတ်မိသောဦးရေများရှိပါသေးသည်။
အဖွဲ့ အမည်ကို ဦးမျိုးချစ်မှ မျိုးချစ်တပ်ဦး (သို့ )မျိုးချစ်ပါတီ ၊ ကိုလှအောင်မှ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများပါတီ
စသဖြင့် ၁၃ မျိုးခန့် တင်ပြလာကြရာ နောက်ဆုံး ကိုလှအောင်တင်သွင်းသော အမည်အား ပါတီကိုဖြုတ်ကာ တပ်ဦးက ပိုမိုသင့်
လျှော်ကြောင်းဆွေးနွေးကြ့ပီး နောက်ဆုံးတွင် င်္မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး င်္ ဟု အတည်ပြု
ရွေးချယ်လိုက်ကြသည်။
င်္ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး င်္ အမည်ကိုရွေးချယ်ပြီးသည့်နေ့ တွင် ကိုလှအောင်မှ
Statement တစောင်ကိုထုတ်ပြန်ကာ သေဘောဘိုးရှိ ကျောင်းသားများနှင့်တိုင်းရင်းသား အဖွဲ့ အစည်းတချို့ ထံဖြန့် ဝေခဲ့သည်၊
ဖက်ရသူများရှိသလို ၊မဖက်လိုက်ရသူများလည်းရှိသည်။
၁၉၈၈ -ခု နိုဝင်ဘာလ ၁ -ရက်နေ့ တွင် ကရင်အမျိုးသားနယ်မြေတခုဖြစ်သော င်္ ၀မ်ခ င်္ စခန်းတွင်နယ်စပ်ဒေသ
ရောက် ကျောင်းသားများ ညီလာခံကိုကျင်းပခဲ့သည်။ ကျောင်းသားစခန်းတခုလျှင်ကိုယ်စားလှယ် ၃ ဦး ၊ စခန်း ၅-ခု မှ ကိုယ်စာ
လှယ်ပေါင်း ၁၅ ဦး နှင့် တိုင်းရင်းသားအဖွဲ့ အစည်း ကိုယ်စားလှယ် များတက်ရောက်ပါဝင်ကြပြီး ၊ ၁၉၈၈ -ခု နိုဝင်ဘာလ ၅-ရက်
နေ့ တွင် သေဘောဘိုးကျောင်းသားစခန်းမှရွှေးချယ်အတည်ပြုထားသော (မကဒတ) အမည်ကို သဘောတူညီခဲ့ကြသဖြင့်
၁၉၈၈ -ခု နိုဝင်ဘာ ၅-ရက်နေ့ တွင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး အမည်သည် တရားဝင်ဖြစ်သွားပြီး ၊ ယနေ့ အထိသမိုင်းတွင်သွားပြီးဖြစ်ပါသည်။
ထိုနေ့ တွင် သေဘောဘိုးကျောင်းသားစခန်းအပေါ်မှ ၊ မြန်မာစစ်အာဏာရှင်တပ်သည် ၊ပူးတွဲပါ စာဖြတ်ပိုင်းများကို
လေယာဉ်ဖြင့် ကျဲချသွားပါသည်။ကျောင်းသား တဦးပြန်ဝင်ပါက ပို့ ပေးသူ အား ဆုငွေ ဘတ် ၅၀၀၀ -ပေးမည်ဟုဖြစ်ပါသည်။
ရိုဘီနာ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ပေါ်ပေါက်လာပုံနှင့် ကျမ၏အစောပိုင်းကာလ ဒိုင်ယာယီ (အပိုင်း ၁)










