ရဲဘော် တိုက်မောင်း အဖ-သိစေအပ်ပါတယ်

ကိုယ်ရေး ရာဇ၀င် အကျဉ်း

အမည်အရင်းမှာ မင်းအောင် ဖြစ်သည်။ ၁၉၆၂ ခုနှစ် မြန်မာ သက္ကရာဇ် ၁၃၂၆ တန်ခူး လဆန်း (၁၀) ရက်တွင် ပဲခူးတိုင်း ဒိုက်ဦးမြို့ နယ်၊ နှင်းဝိ ကျေးရွာ၌ ဦးဟံသနှင့် ဒေါ်သန်းမြင့်တို့မှ မွေးဖွားသည်။ မွေးချင်း (၅) ယောက် အနက် အကြီးဆုံးသားဖြစ်သည်။ ၁၉၈၂ ခုနှစ်တွင် အခြေခံပညာ အထက်တန်း အောင်မြင်ခဲ့သည်။ ၁၉၈၆ ခုနှစ် စာပေးစာယူဖြင့် သင်္ချာဘွဲ့ ရရှိသည်။ မူလတန်းဆရာအဖြစ် အိမ်ခြေ လေးဆယ် တွဲဘက် (အ- ထ-က) ကျောင်း၌ ၀င်ရောက် လုပ်ကိုင်ခဲ့သည်။ ရှစ်လေးလုံး လူထုအုံကြွမှုကြီးတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ပြီး၊ ၁၉၈၈ ခုနှစ်တွင် ပအိုဝ်း တော်လှန်ရေး နယ်မြေသို့ ရောက်ရှိခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် KNU နယ်မြေ (မကဒတ) ဗဟို၌ တပ်ရင်း (၆၀၁) ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့ပြီး၊ (မကဒတ) ဒုတိယ အကြိမ် ညီလာခံကို ညီလာခံ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ သည်။ တပ်ရင်း (၆၀၁)တွင် ပြန်၍ ၁၉၉၀ ခုနှစ်မှ ၁၉၉၁ ခုနှစ်ထိ တပ်ခွဲမှူး တာဝန်၊ ၁၉၉၁ ခုနှစ်မှ ၁၉၉၅ ခုနှစ်ထိ တပ်ရင်းမှူး တာဝန်ကို ထမ်းဆောင်ခဲ့သည်။ တော်လှန်ရေး နယ်မြေ စာစောင် အသီးသီးတွင် တိုက်မောင်း၊ ရဲထိန်၊ ဒီရဲ၊ ဗိုလ်တိုက်၊ ကေးကေးဇံ စသည့် ကလောင်အမည်များဖြင့် ကဗျာများ ရေးသားခဲ့သည်။ ၁၉၉၅ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် တော်လှန်ရေး နယ်မြေ တနေရာ၌ ကျဆုံးခဲ့သည်။

အဖ-သိစေအပ်ပါတယ်

(၄၇) ဆီက
ကျဆုံးခဲ့ရ
ကြီးမြတ်နေသော အဖရေ။

ပုံတူကူးကာ
အာဇာနည်ကုန်း
စုရုံးဖျက်ဆီး
ရင်ပြင်နီကြီး ဖြစ်ခဲ့ပြီ။

အဖရုပ်သွင်
မြင်သူသိစေ
ပိုက်ဆံတွေလည်း
ခြေဖျက်ဖြဲဆုတ်
အရုပ်လို သဘောထားခဲ့ပြီ။

အဖ မိန့်ခွန်း
တစွန်းတစ
လိုက ဆွဲသုံး
မလို လုံးပြစ်
ညစ်ပတ်ခဲ့ကြ ကြာလှပြီ။

အဖရင်သွေး
လမ်းဆွေးကိုပြောင်း
ခေတ်ကောင်းတက်ဘို့
ကြိုးစားလို့နေ
သူတို့တွေ ဖျက်ဆီးနေနကြပြီ။

သွားလေသူ့ဂုဏ်
စုပုံချောင်ထိုး
အဆိုးကျင့်သူ
အမျိုးမမြှင့်သူ
အရိုးရင့်ရင့် အောင်လံထူနေပေါ့ ... ...။

(ကျွန်တော်တို့တော့လေ ... ...)
သမိုင်းပေးပေး
မပေးပေး
လေးတဲ့ ၀န်ထမ်း
တာဝန်ကြမ်းများ
လမ်းမမှာအောင် လျှောက်နေတယ်။

အဖ-သိစေအပ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အတွက် သွားလေသူ ဗိုလ်ချုပ်သို့ တိုင်တည်ခြင်း

ရဲထိန် (၂၆/၅/၉၀)

 
Share on facebook
သူလို သတ္တိ ရှိရှိ ရင်ဆိုင်ပါ
You need Flash player 6+ and JavaScript enabled to view this video.
mod_vvisit_counterယနေ့ လည်ပတ်သူဦးရေ623
mod_vvisit_counterမနေ့က လည်ပတ်သူဦးရေ656
mod_vvisit_counterယခုလ လည်ပတ်သူဦးရေ17696
mod_vvisit_counterစုစုပေါင်း557237

We have: 2 guests, 2 bots online
Today: Jun 18, 2013