စကားပြေ/၀တ္တျ ရှစ်..သုံးလီ နှင့်..၈၈၈၈ အတွေးစများ

ရှစ်..သုံးလီ နှင့်..၈၈၈၈ အတွေးစများ

User Rating: / 0
PoorBest 

၂၀  ကျော် ငါးနှစ်ပတ်လည် .. ကျမ .. ကျမ .. တို့အရွယ် … ရှေ့ခေတ်နံမည်ရ .. သီချင်းလေးနဲ့ ..

ယနေ့ခေတ်ပေါ် အကကို ခပ်ဟော့ဟော့လေး ကပြီး ဘရုတ်ကျနေတဲ့ .. ကောင်မလေးတွေကို

ပြုံးလိုက်မိတယ် .. လန်းနိုင်တုံး အရွယ်မို့  လန်းကြရတာ မဟုတ်လား…

အော်..တို့ များ တုံးက အဲ့ဒီ အရွယ်မှာ..လန်းဘို့  ခြေတစ်လှမ်း…

အရွေ့  `` ပမ်း ´´ ရမဲ့ ဘ၀ တစ်ခုကို မြန်မြန်ဆန်ဆန် ထောင့်ချိုး ချိုး ခဲ့ ရတာလေ..

ကားချပ် အသစ်စက်စက် တစ်ချပ် …..ကားချပ်ထဲမှာ အမေ အသစ်က  ကျမ အသစ်

လေးကို..မွေးဖွားလိုက်သလိုလို ….ပုံရိပ်ထဲမှာ  ၂၀ ကျော် လူကြီးသူမ..အသိစိတ်ဓါတ်

နဲ့  ..၈ လေးလုံးကို မိတ်ဖက် ခဲ့ ရပုံများ….

၈..ရက်လောက်တော့ အားတင်းပြီး ဆန္ဒပြ ပါဝင်လိုက်မယ်ဆိုရင်…

သူတို့ ကလည်း ပြည်သူ့ ဆန္ဒကို လေးစား လိုက်နာကြမှာပါလို့  နုငယ်တဲ့ အတွေးလေး

နဲ့ ..လမ်းပေါ်က သွေး ရဲရဲတွေ ကိုကြည့်ပြီးကျောင်းသား ပြည်သူတွေနဲ့ အတူ  ဆန္ဒပြ

ခဲ့ကြတယ်..

လမ်းပေါ်က သွေးတွေက ..ရဲ ရာကနေ ကျဲမသွားဘဲ..ရွှဲ  လာတော့ ..၈ .ရက်က

နေ..၈. နှစ်လောက်တော့ တော်လှန်ရေး ခရီးကို ပစ် ၀င်ရတော့မယ်လို့  အများနည်းတူ

စိတ် ဒုန်းဒုန်း ချလိုက်တော့တယ်….

၈. နှစ်လောက်တော့ ရီတာပေါ့လို့  ဆက်ပြောရပြန်ပြီလေ..ခံပြင်းမှု

ဒဏ်ရာ ပေါင်းစုံနဲ့  ၈.သုံးလီ ၂၄ .နှစ်ဆိုတဲ့ ယနေ့ ကို တိုင်လာပြီး..ကာရံက မပီ..အ

ဆုံးသတ်က မညီတဲ့ ..ဘ၀ တစ်ခုကိုေ၇ာက်လာခဲ့ တယ်..

၈ သုံးလီ တိုင်ခဲ့ပြီး…၈ လေးလုံးဆိုတော့..၈ .လေးလီတော့မှာလား…

ဘုရား….ဘုရား....

၈.လေးလုံး အရေးအခင်း ဆိုတာလည်း..ဖြစ်သင့် ဖြစ်ထိုက် ခဲ့ တာပါ

ဘဲလေ...၁၉၆၂ .ခုနှစ်မှာ .ဗိုလ်ချုပ်နေ၀င်းက စစ်တပ်အင်အားကိုသုံးပြီးတိုင်းပြည်

အာဏာကိုအပိုင်သိမ်းခဲ့တာ...စစ်တပ်ကဘဲ ချုပ်ကိုင်ထားတဲ့ မဆလ တစ်ပါတီစံနစ်

ကြောင့်မြန်မာပြည်သူတွေ ရင်ထဲက မကျေနပ်မှု အစိုင်အခဲကြီးက..၈၈၈၈ ..မှာထိန်း

မရအောင်ပေါက်ကွဲခဲ့ကြတာပေါ့..

အရှေ့တောင်အာရှမှာ .ထိပ်ဆုံးက ရှိနေခဲ့တဲ့ မြန်မာပြည် ဟာ ၈၈.မှာ

ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံ ဘ၀ ကို ကြွေးမြီ တစ်ပုံတစ်ပင်ကြီးနဲ့ ရောက်လာခဲ့တယ်…

အာဏာရှင်တွေ ကတော့ စည်းစိမ်တွေအပြည့်နဲ့ ..ပြည်သူတွေက..မနက်စာ

စားပြီး..ညစာအကြောင်း ဘာမှ မပြောနိုင်တဲ့  ဘ၀တွေက ဒုနဲ့ ဒေး..မကြုံဘူးရင်

တောင်..ယုံကြည်ကြပါတော့…

တခါတခါ ပြန် စဉ်းစားကြည့်မိတယ်. ၈ လေးလုံး အရေးအခင်းသာ မ

ဖြစ်ခဲ့ရင်..ဒီနေ့ အထိ ``မဆလ ´´ တစ်ပါတီ စံနစ်ရဲ့အောက်မှာ..မျက်စိပိတ် နားပိတ်

ခံ နေရပြီး..နိုင်ငံခြား ဆိုတာ ဂျိုနဲ့ လား လို့ တောင် မေးယူရမယ်ထင်တယ်..နေ့ စဉ်

မြန်မာ့အသံက.ဖြတ်တောက်ပြီး  ကြေငြာပေးတဲ့ သတင်းလေးကိုဘဲ နားထောင်ခွင့် ရပြီး..

ဗဟုသုတမရှိ..ယောင် နေရမဲ့ မြန်မာပြည်သူများ ဘ၀ သာလျှင်…

ကျမရဲ့ အတွေးစ များဆီ သို့  ပြန်ဆက်ပါလိုက်ပါဦးမယ်..၈ လေး

လုံးမှာ ဘ၀ တစ်ခုလုံး..ထောင့်ချိုး ချိုးပြီး.တဖက်ကမ်းကို ရောက်သွားခဲ့တဲ့ ပထမဆုံး

နေ့ ရက်များပေါ့…..

``ဒေါင်းနီပြန်သင့်ပြီ´´

ဒီစာဖြတ်ပိုင်းလေးကို ကျမတို့  ဒေါင်းနီသပိတ်စခန်း က ကျောင်းသားတွေ တစ်

ယောက်တစ်လက်..လက်ဆင့်ကမ်းပေးဖတ်ရင်း..တစ်ယောက်မျက်နှာတစ်ယောက်

မေးခွန်းတွေပါတဲ့ အကြည့်တွေနဲ့ ကြည့်နေကြတယ်..တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တဲ့

အသံတစ်သံ....

``ဟေ့...တို့  သပိတ်စခန်းအပြင်မှာ စစ်တပ်က ၀ိုင်းထားလိုက်ပြီ..နားထောင်ကြည့်

တို့ တွေကို အမိန့် ပေးနေတယ်..လာ.လာ ဘုန်းကြီးကျောင်းအနောက်ပေါက်က အ

မြန်ထွက်ကြစို့ ´´

အဲ့ဒီနေ့ က စပြီး..အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်လာလိုက်

တာ..ထိုင်းမြန်မာနယ်စပ်..တော်လှန်ရေး နယ်မြေထိ ရောက်လာခဲ့တော့တယ်…မထွက်

ဘဲ ကျန်ခဲ့သူတချို့ လည်း..ထောင်ထဲ.ရောက်တဲ့သူ.. ရောက်ကုန်ကြတယ်…….

မြန်မာတနိုင်ငံလုံး..ထွက်လာတဲ့ ကျောင်းသား..၅.ထောင်ကျော်က

တနေရာမှာ ဆုံမိကြပြန်တယ်…တယောက်နဲ့ တယောက်မိတ်ဆက်ကြပြီး..နှုတ်ဆက်

စကားတွေပြောနေကြပေမဲ့..ဘယ်လို ရှေ့ဆက်ရမှန်း..မသိကြသေးဘူး..လောလော

ဆယ်..နေစရာ..ရိက္ခာ..ဆေးဝါးက အရေးကြီးတဲ့ ပြသနာပေါ့..ကျရောက်လာမဲ့

အန္တရာယ်တွေကိုကာကွယ်ဘို့  လက်နက်ဆိုတာ ..ဝေလာဝေး….

ထွက်လာလိုက်ကြတာ..မြို့ နယ်အသီးသီးက..ကောလိပ်ကျောင်းသူ

ကျောင်းသားများ.အထက်တန်း အလယ်တန်းကျောင်းသူ/သားများ.ဆရာ ဆရာမများ

ဆရာဝန်.အင်ဂျင်နီယာ နဲ့ ဝန်ထမ်းပေါင်းစုံပါဘဲ..

ထိုအချိန်က ငယ်ရွယ်သေးသူ ပီပီ..ပူပန်မှုတွေကြားက စိတ်ဝင်စား

လိုက်သေးတယ်..အဲ့ဒါကတော့..အဆိုတော်တွေဖြစ်တဲ့..မွန်းအောင်..ထူးအိမ်သင်

ပန်းအိစံ..တို့ လည်းလာတယ်ဆိုလို့  လိုက်ငမ်းလိုက်မိသေးတာပေါ့..နောက်ထပ်

ဒရမ်မာသီရိညွန့် ..ဒါရိုက်တာဦးစိုးခိုင်..ဒါရိုက်တာမောင်ဝိုင်း.  တဲ့လေ..သီပေါမင်းရဲ့

မြစ်တော်တွေလည်းရောက်လာတယ်ဆိုလို့ ..မျက်လုံးထဲမှာ မတွေ့ ခင် မြင်ယောင်

လိုက်သေးတယ်…..တောင်ရှည်ပုဆိုးနဲ့ ခေါင်းပေါင်းနဲ့ .ထိုင်မသိမ်းအကျီင်္..ဆံတုံးတော်

ကြီးနဲ့ ပေါ့လေ….

တွေ့ လိုက်တဲ့အချိန်..သီပေါ့မင်းရဲ့ဝေးစွာသောမြစ်တော်ဆိုတဲ့.(ရုပ်ရှင်မင်း

သားသီဟတင်စိုးတို့ မောင်နှမ)…ကိုယ်လေရူးမိပုံများ..ဘုရင်ခေတ်မှ မဟုတ်တော့ဘဲ

နော်သူတို့ လည်း..သူလိုကိုယ်လို ဘောင်ဘီနဲ့ အကျီင်္ဘဲဝတ်ထားတာ..

နောက်ထပ်..မျက်စိနောက်လောက်အောင်..ဟိုဒီလမ်းသလားပြီး

ရီစရာတွေပြော..ခင်မင်စရာကောင်းတဲ့ ရုပ်ရှင်မင်းသားကြီးဦးအောင်လွင်ရဲ့

သား..သာကျော်မောင်ဆိုဘဲ… ကျောင်းသူမလေးတွေကလည်း ငယ်ငယ်ချောချောလေး

တွေ..သီသီ..မီးမီး..မြင့်မြင့်စန်း.နွယ်နီထွန်း..နှင်းနွယ်စိုး..ညွန့် ညွန့် ဝေ.စိုးစိုးအေး

စီစီမာ ..သိန်သိန်းဦး..နောက်ထပ်..နောက်ထပ်..စုံလို့ ...

.စာသင်းခန်းထဲကနေ ရောက်လာကြတာပေါ့.ဒီရောက်မှဘဲ..လူစုံတက်စုံတွေ့ ရတော့

တယ်..မြန်မာပြည်ကိုချစ်လို့  ..အမှန်တရားကို ရင်ဆိုင်ခဲ့ကြတဲ့သူတွေပါ…

တစ်ယောက် စိတ်ကူးတစ်မျိုးစီနဲ့ ..၀င်လာလိုက်..ထွက်သွားလိုက်

ပြန်ရောက်လာလိုက်နဲ့ ..မျက်စိရှုပ် နားရှုပ်..ရင်တုန်ပြီး စိုးရွှံ့ ခဲ့ရသော နေ့ ရက်များပင်

ဒါကြောင့်လည်း..ညှိနှိုင်းဆွေးနွေးမှုတွေ အကြိမ်ကြိမ်လုပ်ပြီး..စည်းနဲ့ 

ကမ်းနဲ့ ဖြစ်သွားအောင် အဖွဲ့ အစည်းလေး တစ်ခုကို စံနစ်တကျဖွဲ့ စည်းဘို့ သဘော

တူလိုက်ကြတယ်..

ညှိနှိုင်းဆွေးနွေးမှုတွေ အကြိမ်ပေါင်းများစွာ ပြီးဆုံးသွားတော့(မကဒတ)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး....ဆိုပြီး ကျောင်း

သားအဖွဲ့ အစည်းတစ်ခု သမိုင်းစာမျက်နှာသစ် ပေါ်ပေါက်လာခဲ့တယ်..

မြန်မာပြည်အတွက်..ကောင်းသော ရည်၇ွယ်ချက်များဖြင့် ဖွဲ့ စည်းခဲ့ကြ

သော်ငြားလည်း..နှစ်ကာလ ကြာမြင့်လာသည်နှင့်အမျှ ရည်၇ွယ်ချက်ကြီးမားစွာ

လုပ်ဆောင်နေသူများရှိသလို..ဖျက်လိုဖျက်ဆီး နှံဖျက်ပိုးများလည်း..ရောနှောပါဝင်

လာကြတဲ့အတွက်..အဆိုး အကောင်းများ ဒွန်တွဲနေသော..သမိုင်းစာမျက်နှာကလည်း

မြင့်တက်လာခဲ့တယ်..

၈၈.အရေးအခင်းမှာ..မြန်မာပြည်တွင်း၌အဖမ်းခံရသူများလည်း..ဘဝ

တွေ ခေါက်ရိုးကျိုး..လဲခဲ့ ကွဲခဲ့ကြတယ်..

ပြည်ပ ထွက်လာသူတွေကလည်း..ကျိုးကန်းသူ..သေဆုံးသူ ဦးရေက

အများအပြား ..ဒုက္ခဆင်းရဲခြင်းနဲ့ သေတွင်းကို  ၁၀ နှစ်အတွင်း ကြံ့ကြံ့ခိုင် ရင်ဆိုင်

ခဲ့ကြတဲ့အတွက် နိုင်ငံတကာက အာရုံပြုမိလာပြီး..ကူညီခဲ့ကြတယ်..ဒါကြောင့်လည်း

၁၀..နှစ်ရဲ့ နောက်ပိုင်းကာလများမှာ..တတိယ နိုင်ငံများသို့ တဖြည်းဖြည်းရောက်

လာခဲ့ကြတယ်..တတိယ နိုင်ငံ ရောက်ကြသော်လည်း..၅ နှစ်အတွင်း..သူတို့ လူထု

အဆင့်နှင့်မမှီသော မကိုက်ညီသော အရည်အချင်းများကြောင့် စိတ်ဓါတ်ကျခြင်းနှင့်

ဒုက္ခများကို ဆက်လက်ရင်ဆိုင်ကြရပြန်တယ်..၁၅ နှစ်နောက်ပိုင်းကာလ မှာ တ

ဖြည်းဖြည်း အဆင်ပြေလာခဲ့ကြတယ်..

၈၈..နံမည်ကို ယူပြီး..ကောင်းစားနေကြပါတယ်ဆိုတဲ့ အရည်အတွက်

က လက်ချိုး ရေ လို့ ရပါသေးတယ်..ဒုက္ခမျိုးစုံကို ၁၅ နှစ်ကျော် ရုန်းကန်ပြီး..ကိုယ့်

ကြမ္မာကိုယ် ဖန်တီးနေရသော ..ဒဏ်ရာကိုယ်စီနှင့် သာမာန်ရဲဘော်များအရည်အ

တွက်က..များပြားနေဆဲပါ...သို့ သော်လည်း မြန်မာသမိုင်းတစ်ခေတ်ကို လုံးဝ

ပြောင်းစေခဲ့တဲ့..၈ လေးလုံးဆိုတာကိုတော့.ငြင်းလို့ မရနိုင်တော့ပေ..

အဆိုးများအတွက် ကြေကွဲနေရသလို ..အကောင်းများအတွက် ကြည်

နူးရင်း..တယ်လီဖုန်းခေါ်သံကို အမြဲနားစွင့်နေတဲ့ အမေကို နှစ်သိမ့်ရင်း..ခေါင်း

လောင်းသံလည်းတိတ်..အမေလည်း အိပ်တော့..ရှစ် သုံးလီ က..၂၄ ..နှစ်တိုင်

သမိုင်းကို ရင်ဆိုင် ခဲ့ပါပြီ....

Robina (8888)

 

 
Share on facebook
သူလို သတ္တိ ရှိရှိ ရင်ဆိုင်ပါ
You need Flash player 6+ and JavaScript enabled to view this video.
mod_vvisit_counterယနေ့ လည်ပတ်သူဦးရေ4
mod_vvisit_counterမနေ့က လည်ပတ်သူဦးရေ513
mod_vvisit_counterယခုလ လည်ပတ်သူဦးရေ10670
mod_vvisit_counterစုစုပေါင်း531194

We have: 1 guests, 2 bots online
Today: May 20, 2013
ယခင် စကားပြေ/၀တ္တျများ

မေတ္တာတရား ရှာပုံတော် (၀တ္ထုတို) ခင်မမမျိုးကြယ်နီတပွင်(၀တ္ထုတို) ခင်မမမျိုးပန်းပျိုးလက် (၀တ္ထုတို) ခင်မမမျိုးလူသိရှင်ကြား ၀န်ခံတဲ့စာ ညိုထက် (လမ်းသစ်ဦး)ကျနော်နဲ့ ကဗျာ ညိုထက် (လမ်းသစ်ဦး) လေဟာနယ် ညိုထက် (လမ်းသစ်ဦး) သတင်းစာ ဆရာကြီး ဦးဝင်းတင်နှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြသူများကိုဖိုးထောင် ခြေသပွတ်တိုင်လည်သွားခြင်း ခင်လွန်းခေတ်ရဲ့ သားကောင်တွေ ညိုထက် (လမ်းသစ်ဦး) သစ်ပင်များ ဘာသာပြန်သူ-ထိုက်စံ နာဂစ် မိုးထက်နေ ကြွက် ဘာသာပြန်သူ-ဟိန်း ကြွေရွက် ဘာသာပြန်သူ-ခနွေးနွေးရေ၏ဒဿန ဘာသာပြန်သူ-အောင်ငဲမေတ္တာ နှောင်ကြိုး ငြိမ်းစုဗဟိန်း သို့မဟုတ် ညီညွတ်ရေး ဗိသုကာ CPB ဗဟိုပညာရေးနှင့်ဝါဒဖြန့်ချိရေး ● သူ့ရင်တဲမှာ ရဲရင်တဲ့ စစ်သည်တော်တသန်း ယဉ်လေးမောင်ဒသမမြောက်ကျား ရဲဘော် သိန်းဝင်မီးချစ်ရောင်းတဲ့ ကောင်မလေး ရဲဘော် စိန်ထွန်း အသစ္စာ ၀င်းဆင့်ထန်းဘူတာအမှတ်-၄၅ ခင်လွန်းဘိသိတ်ခံယူပွဲ ညိုထက် (လမ်းသစ်ဦး) ဆင်းရဲသား ဌေးသိန်း ဒေါက်တာရေချမ်း ရိုက်လိမ့်မယ် ညွန်းဆက် ဆန်ရောင်းသွားတဲ့နေ့က တင်သန်းဝင်း ကျွန်တော်တို့ရဲ့ မိုးကောင်းကင် (သို့မဟုတ်) မြေရိုင်းပြင်မဲ့ သားအဖ ထက်မိုးဝဇီတိုင် ကုသ သောင်ရင်း မျှော်စငကိုဈာန်