သဘာဝ ရသ
* ရှုပ်ထွေးမှု့ 
သီအိုရီလို့ု
တချို့က ယူဆ ။
*တိုက်ပွဲသုံးရပ်ဟာ
ဖြစ်ပေါ်တိုးးတက်မှု့ အစဉ်ရဲ
ပင်မ ရေစီးကြောင်း နက်နက်တွေ ဆိုတာ
အဆုံးမတော့ ... ။
* တချို့ က ဦးခေါင်းထက်
လွင့်စင်ကျလာမဲ့<
နီစွမ်းရဲပကြယ်ပွင့်များ
ချစ်သူတို့ ရင်ဘတ်များနဲ့ 
နွေးထွေးလိုက်ကြ
နွေးထွေးနေကြရဲ့ ။
* တချို့ ကမြေပြင်
တချို့ ကရေပြင်
အဲဒီ့ မြေပြင်ရေပြင်က
*စပီရူလိုင်းနား*စိမ်းပြာရေညှိမှာ
အသိတရားနဲ့ အရှိတရား
တခုခုပါတယ်ဆိုတာ
ငြင်းခုံလို့ ရတဲ့အရာမှမဟုတ်တာ ။
* ဘာဘဲဖြစ်ဖြစ်
အချိန်စစ်စစ်များရဲ့
နှင်းဆီခင်းသစ်လွင်များက
အပူနေခြည်တမျှင်
လေနုအေးမိုးတပေါက်
လင်းလက်တဲ့မိုးသောက်မြေပြင်ထက်
ရက်ရက်စက်စက်ပွင့်ဝေနေကြဦးမှာ ။ ။
စိုးလူမောင်
*စပီရူလိုင်းနား ။ ။ လူတို့ အတွက်ဆေးဘက်ဝင် အဟာရဖြစ်စေသော သစ်ပင်တို့ အတွက် မြေသြဇာ ဖြစ်စေသော စိမ်းပြာရေညှိမျိုးကွဲ တခု ။
သဘာဝ ရသ










