ကဗျာ စူပါမင်း is စူပါမင်း။

စူပါမင်း is စူပါမင်း။

User Rating: / 0
PoorBest 

စူပါမင်း
ငယ်စဉ်က နှာခေါင်းမှာ အသက်ရှိတယ်
အခု ကြီးလာတော့ ချပ်ဝတ်တန်ဆာတွေ ပိုမိုပြည့်စုံလာတယ်။

တကယ်တော့
စူပါမင်းအသက် နှာခေါင်းရောက်သွားတာက
ဗမာကဗျာဆရာ သစ္စာနီရဲ့ ကဗျာကို ဖတ်လိုက်ရလို့ဆိုပြီး
နောက်ဆက်တွဲသတင်းတွေထွက်နေတယ်။

“ကိုယ်လိမ်းပေါင်ဒါကအစ
အာကာသခရီးအထိ
ကြော်ငြာမှလူသိ
မင်းကိုငါချစ်တယ်
ဒီမောင်းသံကြား ပန်းပွင့်စေသတည်း” ဆိုတော့ ...
ပန်းပေါင်းတရာပွင့်ပါစေ စိတ်ဓာတ်နဲ့
ပန်းပေါင်းတရာကို
မင်းကိုငါချစ်တယ်ဆိုတာချည်း ရွက်ဆိုပြခဲ့ရာက
စူပါမင်းအသက်နှာခေါင်းရောက်သွားရတယ်လို့
မှုခင်းစုံထောက်တွေက မှတ်ချက်ပေးထားပါတယ်။

အဲဒိလိုနဲ့
မိုးဝေခေတ်ရှိ မရှိ အငြင်းပွားရာကနေ
ချစ်ခြင်းမေတ္တာအားနည်းခဲ့လို့
ရေရောခံလိုက်ရတဲ့ နွားနို့တွေကို စူပါမင်းသောက်ခဲ့ရတယ်။

တခါတခါ စူပါမင်းကတွေးမိတယ်တဲ့။
သူ့ဒိုင်ယာယီမှာ မှတ်တမ်းတင်ခဲ့တာက
ကိုရဲဆိုတဲ့လူရဲ့ သစ္စာတွေက နီခဲ့လို့လား
ရဲနီသစ္စာ။ တကယ်တော့
အလံနီတာလား
အလံဖြူတာလား။
တကယ်တော့
စူပါမင်းဆိုတာကလည်း ခြေချော်လက်ချော် စူပါမင်းခဲ့ရတာပါ။

ဒိမှာ ကိုငြိမ်းအေး ခင်းဗျားရဲ့အိမ်က သရဖူ။
ခင်ဗျားအိမ်သားတွေထဲက လူကြီးသူမတဦးက
လွမ်းတေးဆိုလို့ အာဃာတကို ကိုယ်တိုင်ချေပြတယ်။
အခု
ရဲနီသစ္စာက စူပါမင်းကို စူပါမင်းဖို့ ပို့စ်မော်ဒန်နည်းနဲ့ …။

စူပါမင်းကပြောတယ်
ဟဲဗီးဝိတ်တန်းက သူ့သရဖူကို သူပြန်ယူရဦးမယ်တဲ့။

စူပါမင်းက ပြောတယ်
အခုတလောသူတွေးနေတာ သိုင်းလောကသားတွေအကြောင်းတဲ့။
ဘယ်သိုင်းသမားမှ အတွင်းအားအလွန်အကြွံကောင်းနေတာမဟုတ်ပေမယ့်
ကိုယ်ဖေါ့ပညာကောင်းတဲ့အခါ
အတွင်းအား ကောင်းတယ်လို့ မြင်ခဲ့ကြတာပါလို့ ယူဆပါသတဲ့။

စူပါမင်းရဲ့ ဒိုင်ယာယီအရ
သိုင်းသမားကောင်းတယောက် ဖြစ်ဖို့ဆိုတာ
ကိုယ့်ဖော့ပညာကောင်းရမယ်။
အရှောင်အတိမ်းကောင်းရမယ်။
လစ်ရင်လစ်သလိုထိုးတက်ရမယ်တဲ့
ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့
ပီဘိ
အပြစ်ကင်းသူလေးပုံစံနဲ့ နေတက်ထိုင်တက်ရမယ်တဲ့
အမှီးနင်းတက်ရမယ် - အမှီးဖြတ်တက်ရမယ်တဲ့။
သိုင်းပညာတွေထဲမှာ
မက်ခီယာဘယ်လီရဲ့
“မင်းသား” ဆိုတဲ့ သိုင်းကျမ်းဟာ ပြိုင်ဘက်ကင်းသိုင်းကျမ်းတဲ့။

စူပါမင်းရဲ့ ဒိုင်ယာယီအရ
ဂျက်ကီချမ်းဆိုတဲ့လူက
သူ့ဆီက လက် ၂ ချောင်းသိုင်းကွက်ကို သင်ယူဖို့ တပည့်ခံဖူးသတဲ့။
စူပါမင်းနဲ့ ဂျက်ကီချမ်း သိုင်းပညာဖလှယ်တော့
စူပါမင်းကပြောတယ်
“တရုပ်အရိပ်တထောင်သိုင်းကွက် တိမ်ကောပပျောက်ခဲ့ပြီ။”
ပန်းပေါင်းတရာအရက်ကို အတူသောက်ကြတယ်။
ဂျက်ကီချမ်းက စူပါမင်းကို UN မှာ သံတမာန်လုပ်ဖို့ ဖိတ်ခေါ်တယ်။
စူပါမင်းကပြောတယ်
No thanks။
သူ့အနေနဲ့
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးမှာ
တပ်ဖွဲ့ဝင်ဖြစ်ဖို့ လျှောက်လွှာတင်ထားတယ်တဲ့။

တကယ်တော့ ရဲနီသစ္စာ
စူပါမင်းဟာ စူပါမင်းပါလို့ မသိခင်အထိ စူပါမင်းနိုင်မှာမဟုတ်ပေမယ့်
စူပါမင်းဟာ စူပါမင်းပါလို့ သိတဲ့အခါ စူပါမင်းနိုင်မှာပါ။

(ဆရာ သစ္စာနီ၏ “စူပါမင်းကို ဘယ်သူသတ်သလဲ”ကို ဖတ်ပြီး ရေးသည်။)

 


ညိုထက် (လမ်းသစ်ဦး)
၂၁ - ၇ - ၂၀၁၂

 

 
Share on facebook
သူလို သတ္တိ ရှိရှိ ရင်ဆိုင်ပါ
You need Flash player 6+ and JavaScript enabled to view this video.
mod_vvisit_counterယနေ့ လည်ပတ်သူဦးရေ513
mod_vvisit_counterမနေ့က လည်ပတ်သူဦးရေ538
mod_vvisit_counterယခုလ လည်ပတ်သူဦးရေ10666
mod_vvisit_counterစုစုပေါင်း531190

We have: 5 guests online
Today: May 19, 2013