စကားပြေ/၀တ္တျ “ဗိုလ်ချုပ်အသစ်နဲ့ ဓါးဘခက်တို့ခေတ်”

“ဗိုလ်ချုပ်အသစ်နဲ့ ဓါးဘခက်တို့ခေတ်”

User Rating: / 1
PoorBest 

ဓါးဘခက်။       ။ ကျွန်တော်ငယ်ငယ်က ကျွန်တော့်အဘိုး ပြောပြခဲ့တဲ့ ပုံပြင်တွေ၊ ရယ်စရာတွေထဲက တစ်ခုပေါ့။ ကျွန်တော့်အဘိုးရဲ့ရွာမှာ ဓါးဘခက်ဆိုတဲ့ လူကြီးတစ်ယောက် ရှိခဲ့ ဖူးတယ်တဲ့။ ရွာထဲမှာဖြစ်ဖြစ်၊ ရွာရဲ့အဝေးမှာဖြစ်ဖြစ် ရွာရဲ့ရှေးဟောင်းနှောင်းဖြစ်တွေ ကိုပြောဖြစ်ကြရင် ဓါးဘခက်အကြောင်းဟာ မပါမပြီး ဆိုပဲ။ အဘိုးကလည်း မကြာခဏ ပြောတတ်တယ်။ ဓါးဘခက်၊ ဓါးဘခက်နဲ့…။

ကျွန်တော်တွေးထားတာက ဓါးဘခက်ဆိုတာ တကယ့် ဓါးသမားလူမိုက်ကြီးလို့ထင်တာပေါ့။ တကယ်အဘိုး ရဲ့ရွာကိုမရောက်ဖူး သူတွေလည်း နားစွန်နားဖျားကြားရင် ဓါးဘခက်ဆိုတာ အဘိုးတို့ရွာရဲ့ ရာဇ၀င်လူမိုက် ဓါးသမားကြီးတစ်ယောက်လို့ထင်ကြတော့ တာဘဲလေ။ အသက်နည်းနည်းရလာတော့မှ ရွာက ဦးရီးတွေကို အဘိုး ပြောပြခဲ့ဖူးတဲ့ ဓါးဘခက်အကြောင်းကို မေးမြန်းပူဆာတော့မှ အဘိုးတို့ပြောခဲ့ဖူးတဲ့ ဓါးဘခက်ဆိုတာ အရက်သ မား ကဇော်သမားလူပေကြီးတစ်ဦးပါ။ တစ်ကိုယ်လုံးမှာတော့ အမာရွတ်တွေနဲ့ချည်းဘဲ။ ရွာကဦးရီးတွေ ပြန်ပြော ပြတော့မှာ သူ့အကြောင်းက ငိုးအားထက်ရယ်အားသန်အဖြစ်မျိုးဗျ။

တကယ်တော့ ဓါးဘခက်ဆိုတာ ဓါးသမားလူမိုက်၊ လူဆိုးကြီးမဟုတ်ဘူး။ သူ့နေရာနဲ့သူ အနေအထိုင်မတတ်၊ မူးလာပြီဆိုလို့ကတော့ အမှတ်မရှိနေရာတကာ ဟောင်ဖွာဟောင်ဖွာလုပ်လွန်းလို့ သူများနဲ့ မကြာခဏရန်ဖြစ်ပြီး၊ ရန်ဖြစ်တိုင်းလည်း သူများက ချည်း ဓါးနဲ့ထိုးသွား၊ ဓါးနဲ့ ချောင်းခုတ်သွား၊ ဦးအောင်မွှန်းသွားတာခံရလွန်းလို့ တစ် ကိုယ်လုံး ဓါးဒဏ်ရာတွေနဲ့ ချည်းဖြစ်နေရာကနေ သူငယ်ချင်းနဲ့ အရပ်က စနောက်၊ ကျီစယ်ခေါ်ပြောရာကနေ အို ကြီး အိုမသေခါနီးအချိန်ထိ နာမည်ရင်းပျောက်ပြီး ဓါးဘခက်ဆိုပြီး တွင်နေတာတဲ့။

ဒီအဘိုးကြီး ဓါးဘခက်အကြောင်းကိုငယ်ငယ်က အမြင်အတွေးမျိုးမဟုတ်တဲ့ အဖြစ်အပျက်မျိုးနဲ့ ပြန်ကြားရ တော့ ကျွန်တော့်မှာ စဉ်းစားစရာတစ်ခုလက်ခနဲဖြစ်လာခဲ့တယ်။ အဲဒါကတော့ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ လည်း အဲလို ဓါးဘခက်တွေ ဘယ်လောက်များများရှိနေပြီလဲလို့ ဆင်ခြင်ကြည့်မိတော့မှ လားလား ကိုယ်တိုင် တောင်ပါနေပါသေးလားလို့ သွာတွေ့မိတယ်။ တချို့ဆို လူမှုရေးနယ်ပယ်က ဓါးဘခက်တွေ၊ စီးပွားရေးနယ်က ဓါးဘခက်တွေ၊ နိုင်ငံရေးနယ် ပယ်က ဓါးဘခက်တွေဟာ သက်ရွယ်ကြီးငယ်ဆိုဒ်စုံမှာ အမာရွတ်အစုံနဲ့ အုန်း အုန်းကိုထနေကြပါလားလို့ တွေ့မိ၊ တွေးမိတယ်။

ကိုယ်တိုင်ဆိုလည်း အဲဒီဓါးဘခက်ကြီးလိုဘဲ လူမှုနယ်ပါယ်၊ ပုဂ္ဂလိကဘ၀နယ်ပါယ်၊ မိသားစုဘ၀နယ်ပါယ်တွေ မှာ အနေအထိုင်မတတ်ခဲ့လို့၊ အကြောင်းအကျိုး အခြေကျကျ ခွဲခြမ်း စိတ်ဖြာ မပြတတ်လို့ အမုန်းမျက်စောင်း ဓါး ချက်တွေမှသည် ပြစ်တင်ဝေဖန် ဖယ်ကျဉ်ခံရတဲ့ ရင်ကိုတည့်တည့်စူးခဲ့ရတဲ့ ဓါးချက်တွေအပြည့်ဘဲ။  ကိုယ့်ကိုယ် ကိုပြန်ဆင်ခြင်ရင်းတွေးမိတာတစ်ခုက ဓါးဘက်ခက်ကြီးဟာ ဓါးဒဏ်ရာအမာရွတ်တွေကို တစိမ့်စိမ့်ပွတ်သပ်ရင်း ဓါးဘခက်ဘ၀ သက်ထက်ဆုံးချစ်ခင် ခံယူသွားတာများလားပေါ့။ နောက်ပြီး ကျွန်တော်ဆိုတဲ့၊ ငါဆိုတဲ့ ဓါးဘ ခက်ပေါက်စလေးကရော ဒီလူမှုလောကဓံ ဓါးချက်တွေကို သက်ဝင်ချစ်ခင်ပြီး ဓါးဘခက်ဘ၀ကိုခံယူချင်နေတာ လာ၊ တွယ်တာယစ်မူးနေတာများလားလို့ အလန့်တကြားသုံးသပ်မိတယ်။ ကျွန်တော်ရလိုက်တဲ့ အဖြေကိုတော့ စာဖတ်သူ ခင်ဗျားကိုပြန်မပြောပြဘူးဗျာ။ အကယ်၍ ခင်ဗျားလည်း ဓါးဘခက်တစ်ယောက်ဖြစ်နေရင် ခင်ဗျား အမာရွတ်တွေကို ခင်ဗျားဘယ်လိုသဘောထားနဲ့ ပွတ်သပ်နေမိတယ်ဆိုတာလေး တွေးကြည့်ပေါ့။

ဘော်ကျော့အောင်ဆန်း။       ။နောက်တစ်ခုကတော့ ဘော်ကျော့အောင်ဆန်းဆိုတဲ့လူတစ်ယောက်အကြောင်း၊ မသိရင်၊ အမှတ်တမဲ့ကြားမိ လိုက်ရင် ဗိုလ်ချုပ်အောင်ဆန်းလို့ ထင်စရာရှိတယ်။ တကယ်က ဒီလို။ အဲဒီလူနာ မည်ကို သူ့မိဘတွေက ဗိုလ်ချုပ်အောင်ဆန်းကိုလေးစားလွန်းလို့ အောင်ဆန်းဆိုပြီးနာမည်ပေးထားခဲ့တာတဲ့။ သူကတော့ အရွယ်ရောက်ကတည်းက အတန်းပညာလည်းဆုံးခန်းမတိုင်၊ အလုပ်အကိုင်နဲ့ ဘ၀ကိုဖြတ်သန်း ရမယ့်အရွယ်မှာလည်း အလုပ်ကို တည်တည်ကျကျမလုပ်ဘဲ အရပ်ထဲမှာ ကျော့ကျော့မော့မော့နဲ့ ပေါ့ပေါ့နေ ပေါ့ပေါ့စားလုပ်နေလို့၊ အောင်ဆန်းကို အားကျအဲဒီနာမည်ပေးခဲ့တဲ့သူ့အမေကိုယ်တိုင်နဲ့ ပါတ်ဝန်းကျင်က အောင်ဆန်းတော့ အောင်ဆန်းဘဲ မင်းက ဗိုလ်ချုပ်အောင်ဆန်းတော့မဟုတ်ဘူး။ ဘော်ကျော့အောင်ဆန်းဆိုပြီး နာမည်ပေးလိုက်ကြသတဲ့။

သူက အဲဒီနာမည်ကို နှစ်လိုစွာခံယူလိုက်သလား။ ပြုပြင်ပြောင်းလဲအောင်ကျိုးစားသေးလားဆိုတာတော့ ဆက် မသိရတော့ပေမယ့်။ အဲဒီလူအကြောင်းကို အကြောင်းတိုက်ဆိုင်လာလို့ စားမြုံ့ပြန်ပြောကြရင် ဘော်ကျော့ အောင်ဆန်းကို မှတ်မိလားဆိုတာလေးနဲ့ ပြန်စတတ်ကြတယ်ဗျ။ သေချာတာကတော့ ကျွန်တော်တို့ ပါးစပ်ရာဇ ၀င်လေးထဲမှာတော့ အနှီအောင်ဆန်းဆိုတဲ့ လူငယ်ဟာ ဗိုလ်ချုပ်အောင်ဆန်းလို လူငယ်မျိုးဖြစ် မလာတော့ဘဲ လပ်ယား လပ်ယား၊ ဟိုနေရာပါ၊ ဒီနေရာပါနဲ့ ဘော်ကျော့နေ ဘော်ကျော့စားတဲ့ ဘော်ကျော့ အောင်ဆန်းအဖြစ် နဲ့သာ နာမည် တွင်နေရစ်တော့တယ်။

ဒီနေ့ခေတ်ကြီးကို မြေပုံတစ်ချပ်ကြမ်းပေါ်ချကြည်သလိုသေချာ ထောက်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ နဖူးတွေ့၊ ဒူးတွေ့ မျက်မှောက်ခေတ်ကြီးမှာ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်အောင်ဆန်း၊ ကိုအောင်ဆန်းလို လွတ်လပ်ရေးဗိသုကာကို အားကျ ရင်း ဘော့ကျော့အောင်ဆန်းလို လူငယ်တွေ၊ လူလတ်တွေဖြစ်မှန်းမသိ ဖြစ်လာလိုက်ကြတာ ကျွန်တော်အပါအ၀င် လက်ညှိုးထိုးမလွဲဖြစ်လွန်းလို့ ဒီခေတ်ကြီးကို နောင်မှာ နာမည် ပြန်ပေးရရင် ဘော်ကျော့အောင် ဆန်းတွေထွန်းတောက် ခဲ့တဲ့ ခေတ်လို့ပေးရမလိုဘဲဗျ။

အရာရာမှာ သိသလိုလို၊ တတ်သလိုလိုနဲ့ ဘာမှဟုတ်တိပတ်တိမသိမတတ်။ နိုင်ငံရဲ့ အုတ်တချပ်သဲတစ်ပွင့် ကဏ္ဏတွေမှာလည်း ကိုယ့်ရှေ့က ဘော်ကျော့အောင်ဆန်းတွေကြောင့် သံသရတွေ၊ အမုန်းတွေက ပိုလေးနေ ကြလို့ အုတ်တချပ်သဲတစ်ပွင့်သယ်ကူဖို့လည်း ရင်ခုန်သံတွေ၊ ပခုံးတွေက ဒီခေတ်ဘော်ကျော့အောင်ဆန်းတွေ အတွက် အလွန်ဘဲလေးလံနေခဲ့ရတယ်။

ပြောသာပြောရတာ ကျွန်တော်ဓါးဘခက် ခ ဘော်ကျော့အောင်ဆန်း လူလတ်တစ်ယောက်ဟာ ကျွန်တော့်သူ ငယ်ချင်း လူငယ်၊ လူလတ် ဓါးဘခက် ဘော်ကျော့အောင်ဆန်းတွေနဲ့အတူ ယောင်ဝါးဝါးအမှောင်ခေတ်ကြီး တစ်ခေတ်ကို ပြိုင်တူကူးနေတာတူ သလို။ ခေါင်းဆောင် အကြောင်းပြောကြကြေးဆို စကားဝဲ၀ဲ၊ အသားမည်း မည်း၊ မျက်နှာနီနီ၊ မျက်လုံးပြာပြာ ဘယ်လိုအရည်ပြားရှိတဲ့ ဓါးဘခက် ခ ဘော်ကျော့ အောင်ဆန်းတွေဟာ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းကိုတော့ တိုးတိုးတမျိုး၊ ကျယ်ကျယ်တဖုံချစ်ကြသေးသဗျ။

ဘာဘဲဖြစ်ဖြစ်ဗျာ။ ကျွန်တော်အခုတလော ကျွန်တော့်အတွေးတွေ၊ ရင်ခုန်သံတွေမှာ မခုသာမခံသာလာလာ ဖြစ်ပြီးနေတာက ငါတို့ရဲ့ ဓါးဘခက်၊ ဘော်ကျော့အောင်ဆန်းခေတ်ကို အရေခွံချွတ်လဲပြစ်သင့်ပြီလို့ တစ်ကိုယ် တည်းတွေးမိလာတယ်ဗျ။ ဒဏ်ရာအတိမ်အနက်တွေ မတူကွဲပြားပေမယ့် စနစ်ဆိုးရဲ့ ဓါးအမိုးဟာ ဓါးဘခက် တိုင်း ရင်ဆိုင်ဖြတ်သန်းခဲ့ရတာမဟုတ်လား။ အဲလိုဘဲ အဲလောက်ကြပ်ညပ်မွန်းသိပ်ဖိစီးခဲ့ပါတယ်ဆိုတဲ့ စနစ် ဆိုးတစ်ခုအောက်မှာဘဲ ဘော်ကျော့နေလို့ရအောင် ခင်းထားခဲ့တဲ့ လမ်းတွေ၊ ဖွင့်ထားခဲ့တံခါးတွေကို မသိလိုက် မသိဖာနဲ့ တစ်မျိုး၊ သိသိကြီးနဲ့တသွယ် မွှေနှောက်ပျော်ရွှင်ခဲ့ပြီးသွားပြီ။

ခုပေါ်လာတဲ့ အလင်းဖျဖျခေတ်မှာတော့ ရခဲ့တဲ့ ဒဏ်ရာတွေကို အချင်းချင်းစောင့်ရှောက်ကူညီခြင်း၊ ဖေးမစာနာ ခြင်းတွေနဲ့ ဆေးထည့်ပြီး ဘော်ကျော့တံခါးတွေကိုပိတ်၊ ဘော်ကျော့သွားလို့ရတဲ့လမ်းတွေကို လှန်လို့ အလင်းဖျ ဖျကို အလင်းတောက်တောက်ဖြာဖြာဖြစ်အောင် နိုင်ရာဝန်နဲ့ ကျရာနေရာကနေ ၀င်ထမ်းကြရအောင်လား သူငယ်ချင်း ဓါးဘခက်တို့၊ ဘော်ကျော့အောင်ဆန်းတို့ရေ………။

သိပ်နှမြောစရာကောင်းတာက ကျန်ခဲ့တဲ့ခေတ်ကြီးမဟုတ် ဘူး။ လက်ရှိ ကျွန်တော်တို့အသက်ရှင်ဖြတ်သန်းနေတဲ့ခေတ်ကြီးလို့ ကျွန်တော်တော့ယုံတယ်။ အဲဒီတော့ တလောကရေးဖြစ်ခဲ့တဲ့ ကဗျာ လေးတစ်ပုဒ်နဲ့ ဒီစာလေးကိုအဆုံးသတ်မယ်ဗျာ......ကဗျာနာမည်က `အောက်စီဂျင်လိုလူ´ တဲ့ ။

အနုမြူဗုံးဆိုရင်တောင်၊

ခလုတ်နှိပ်မှ ကွဲပေါက် အန္တရာယ်ရှိတာပါ။

ငါတို့ချင်း လုံလုံခြုံခြုံနေခြင်းနဲ့ ချစ်ရင်လည်း

ကြည်မွေ့ပျော်ရွှင်ဖွယ်ဖြစ်မှာပါ။

လူ့အခွင့်အရေး

ဘာသာတရားနဲ့ နိုင်ငံရေး

ဘယ်လိုတွေးတွေး၊ ဘာကိုရေးရေး

အရေပြားပေါ်မှာ အယားပြေမပြောမရေးမိရေးက

ပိုအရေးကြီးပါတယ်..။

ကီးဘုတ်ပေါ်က ကျလာတဲ့ မျိုးချစ်စိတ်နဲ့

ဘယ်စူပါမင်းမှ ကမ္ဘာကြီးကိုကယ်တင်လို့မရဘူး

ခုလို..မိုးဦးလေဦးဆိုတာ

မျှစ်ချိုနုနုတွေလိုက်ခူးကြမယ်ဆို

သိပ်ပျော်စရာကောင်းတာပေါ့။

လူမိုက်ရှုရှု

လူလိမ္မာရှုရှု

အောက်စီဂျင်ဆိုတာ

သူ့မူကိုတပြားသားမှ လျော့မပေးပါဘူး

အောက်စီဂျင်လို လူအဖြစ်ကို

ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်လူမျိုးအတွက်

ငါတို့မင်းတို့ ကျင့်ကြစို့လား သူငယ်ချင်း။ ။

ချစ်ခင်လေးစားစွာဖြင့်

စိမ်းခက်စိုး

(တနင်္ဂနွေနေ့) ဂျူလိုင် ၁၅၊ ၂၀၁၂

နံနက် - ၀၅း ၀၀ နာရီ

 

 
Share on facebook
သူလို သတ္တိ ရှိရှိ ရင်ဆိုင်ပါ
You need Flash player 6+ and JavaScript enabled to view this video.
mod_vvisit_counterယနေ့ လည်ပတ်သူဦးရေ58
mod_vvisit_counterမနေ့က လည်ပတ်သူဦးရေ513
mod_vvisit_counterယခုလ လည်ပတ်သူဦးရေ10724
mod_vvisit_counterစုစုပေါင်း531248

We have: 5 guests, 2 bots online
Today: May 20, 2013
ယခင် စကားပြေ/၀တ္တျများ

မေတ္တာတရား ရှာပုံတော် (၀တ္ထုတို) ခင်မမမျိုးကြယ်နီတပွင်(၀တ္ထုတို) ခင်မမမျိုးပန်းပျိုးလက် (၀တ္ထုတို) ခင်မမမျိုးလူသိရှင်ကြား ၀န်ခံတဲ့စာ ညိုထက် (လမ်းသစ်ဦး)ကျနော်နဲ့ ကဗျာ ညိုထက် (လမ်းသစ်ဦး) လေဟာနယ် ညိုထက် (လမ်းသစ်ဦး) သတင်းစာ ဆရာကြီး ဦးဝင်းတင်နှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြသူများကိုဖိုးထောင် ခြေသပွတ်တိုင်လည်သွားခြင်း ခင်လွန်းခေတ်ရဲ့ သားကောင်တွေ ညိုထက် (လမ်းသစ်ဦး) သစ်ပင်များ ဘာသာပြန်သူ-ထိုက်စံ နာဂစ် မိုးထက်နေ ကြွက် ဘာသာပြန်သူ-ဟိန်း ကြွေရွက် ဘာသာပြန်သူ-ခနွေးနွေးရေ၏ဒဿန ဘာသာပြန်သူ-အောင်ငဲမေတ္တာ နှောင်ကြိုး ငြိမ်းစုဗဟိန်း သို့မဟုတ် ညီညွတ်ရေး ဗိသုကာ CPB ဗဟိုပညာရေးနှင့်ဝါဒဖြန့်ချိရေး ● သူ့ရင်တဲမှာ ရဲရင်တဲ့ စစ်သည်တော်တသန်း ယဉ်လေးမောင်ဒသမမြောက်ကျား ရဲဘော် သိန်းဝင်မီးချစ်ရောင်းတဲ့ ကောင်မလေး ရဲဘော် စိန်ထွန်း အသစ္စာ ၀င်းဆင့်ထန်းဘူတာအမှတ်-၄၅ ခင်လွန်းဘိသိတ်ခံယူပွဲ ညိုထက် (လမ်းသစ်ဦး) ဆင်းရဲသား ဌေးသိန်း ဒေါက်တာရေချမ်း ရိုက်လိမ့်မယ် ညွန်းဆက် ဆန်ရောင်းသွားတဲ့နေ့က တင်သန်းဝင်း ကျွန်တော်တို့ရဲ့ မိုးကောင်းကင် (သို့မဟုတ်) မြေရိုင်းပြင်မဲ့ သားအဖ ထက်မိုးဝဇီတိုင် ကုသ သောင်ရင်း မျှော်စငကိုဈာန်