စကားပြေ/၀တ္တျ တိုက်စားခြင်း (၃)

တိုက်စားခြင်း (၃)

User Rating: / 0
PoorBest 

“ဝေးးးးးးးးးးးးးးးးးးးပြီးပြီကွ”

သင်္ကြန်ရက်မတိုင်ခင်ကတည်းက ညိုတို့ Data Analysis တစ်ဖွဲ့လုံး Patients Coding ပြောင်းဖို့အတွက် နေ့ရောညရော သင်္ကြန်တတွင်းလုံးအပါအ၀င် တစ်လတိတိ အသေအလဲ လုပ်ခဲ့ရသည်။ Patient chart file တွေမှာပြောင်းရုံတင်မက ကွန်ပြူတာထဲရှိ data များကိုလဲ အကုန် လိုက်ပြောင်းရပါသည်။ ဒီတစ်လအတွင်း data သမား ၄ ယောက်လုံး အဖျား အနာ အပျက်အကွက်မရှိတာကြောင့်ပဲ တစ်လနှင့်လုပ်ငန်းပြီးခဲ့ရသည်။

Coordination မှ reporting များလုပ်သူ မြန်မာဆရာဝန်နှစ်ယောက်၊ နိုင်ငံခြားသား Supervisor Ms.Yohana နှင့် Country Director Dr.Frank တို့  နှစ်ယောက်လည်း Data teamရဲ့စည်းလုံးညီညွတ်စွာ လုပ်ဆောင်နိုင်မှုကို အံ့သြခဲ့ရသလို အားရနှစ်သက်ကြသည်။

ထို့ကြောင့် Dr.Frank မှ

“မင်းတို့ကိုဂုဏ်ပြုချင်လို့ တစ်ညနေလောက် ငါတို့နဲ့ညစာအတူစားဖို့ ဖိတ်ချင်ပါတယ်။ မင်းတို့အဆင်ပြေမယ့်ရက်ရွေးပေး

“ဒီနေ့………….”

ရာထူးအမြင့်ဆုံးပုဂ္ဂိုလ်က ဤကဲ့သို့ပြောလာသဖြင့် မတိုင်ပင်ထားရပါဘဲ ၄ယောက်လုံးဝမ်းသာအားရ “ဒီနေ့” လို့ပြိုင်တူပြောမိလိုက်သည်။  အခြားရုံးဝန်ထမ်းများကို ferry ပို့ပြီး ညိုတို့တစ်ဖွဲ့ကို Dinner party အတွက်ရုံးကားတွေ

ပြန်လာခေါ်တော့ ညနေ ၆နာရီခွဲနေပြီ။ ဆရာကြီးနှင့်ဆရာမတို့က သူတို့ကားကိုယ်စီနှင့်သွားကြမည်။ ကြိုတင်စီစဉ်ထားခြင်း မရှိသည့်အတွက် ၃နေရာလောက် သွားရောက်ရွေးချယ်ပြီးမှ ကန်တော်ကြီးဗိုလ်ချုပ်ကြေးရုပ်နားက Jade Garden ကိုရွေးလိုက်ကြသည်။ လူရှင်းသည့်အပြင် စုစုပေါင်းလူ ၉ ယောက်စာ private room ပါရသည်။ အဆင်ပြေလိုက်သည့်ဖြစ်ခြင်း။ စားကြသောက်ကြ၊ ကျန်ခဲ့တဲ့ operation period အတွင်း ရုန်းကန်ခဲ့ရသည်များ၊ ပျော်ရွှင်ခဲ့ရသည်များတို့ကို သူတို့သိရအောင် ပြောဆိုနေကြပြီး ည၉နာရီမှာ စကားဝိုင်းရော စားသောက်ခြင်း အမှုရော ပြီးစီးခဲ့သည်။ ပိုက်ဆံရှင်းတော့ ၉ ယောက်စာ အစားရောအသောက်ပါအတွက် မြန်မာငွေ ၂သိန်းခန့် ကုန်ကျလေသည်။ ချက်ချင်းပဲစိတ်ကတွက်ချက်မိတာတစ်ယောက် ပျမ်းမျှခြင်း ၂သောင်းခန့်ရှိပါလားဆိုပြီး လန့်သွားမိသည်။ မိန်းကလေး၂ယောက်ကို အရင်လိုက်ပို့မည်ဖြစ်သဖြင့် ရုံးကားက နီးသောဆရာဝန်မအိမ်ကို အရင်သွားကြမည်ဖြစ်သည်။ ကန်တော်ကြီးပတ်လမ်း အတိုင်းမောင်းလာပြီး မင်္ဂလာဈေးမီးပွိုင့်တွင် ဘယ်ဘက်ကိုချိုးချကာ သီတာလမ်းဘက်သို့ဦးတည်သည်။ ထိုစဉ် ယုဇနပလာဇာရှေ့က လမ်းလယ်ခေါင် ကွန်ကရစ် တုံးကလေးမှာ လူသေးသေးလေးတစ်ယောက်…. ညို့မျက်စိက မြင်ဖြစ်အောင်မြင်လိုက်တော့

ကားဆရာကြီးကို ခဏလေး ကားရပ်ပေးပါလို့ပြောမိလိုက်သည်။ ကားပေါ်မှကျန်သောသူအားလုံးက ဘာဖြစ်လို့လဲဆိုတဲ့အမေး မျက်လုံးနဲ့ ၀ိုင်းကြည့်ကြတော့ ဟိုမှာကလေးတယောက် ဒီချိန်ကြီးဘာလုပ်နေလဲ မသိဘူး။ သွားမေးချင်လို့။ ညို့မန်နေဂျာအကိုက နင်ဟာ…အားအားယားယား... လူဆိုးလေးတစ်ယောက် နေမှာပေါ့။ မစပ်စုချင်စမ်းနဲ့လို့ တားသော်လည်း ညို့စိတ်ကတားမရ ကားတံခါးဆွဲဖွင့်မိလျက်သားဖြစ်နေပြီ။ data team မှတစ်ဦးတည်းသော မိန်းကလေး၊ အငယ်ဆုံးလေးလဲဖြစ်လေတော့ အမြဲအလိုလိုက်တတ်တဲ့ အကို ၃ယောက်ပါ တပါတည်း လိုက်လာခဲ့ပြီး ကလေးဆီသွားလိုက်ကြသည်။ မန်နေဂျာအကိုကဦးဆောင်ပြီး စုံစမ်းရေး လုပ်ပါတော့သည်။

“ကလေး…..ဒီချိန်ကြီးမင်းအိမ်မပြန်သေးဘူးလား? ဘာထိုင်လုပ်နေတာလဲ?”

“ပိုက်ဆံမပြည့်သေးလို့”

“အမ်…ဘာပိုက်ဆံတုန်း?”

“အဖေက ပိုက်ဆံ ၃၀၀၀ မပြည့်ရင် အိမ်မပြန်လာနဲ့လို့မှာထားလို့… ခုသားမှာ ၂၂၀၀ပဲရှိသေးတယ်.. အဲဒါနဲ့ အိမ်ပြန်ရင်

အဖေကရိုက်မှာ အမေကလဲထမင်းကျွေးမှာမဟုတ်ဘူး”

ပြောရင်း ကလေးမှာမျက်ရည်ဝဲတဲတဲလေးဖြစ်လာတာ လမ်းမီးရောင်နဲ့မြင်မိလိုက်တော့ ၄ယောက်လုံး ကိုယ်စီ သက်ပြင်းချသံတွေကျယ်လောင်သွားသည်။

“ဒီအချိန်ကြီးဘယ်သူ့ဆီကတောင်းဦးမှာလဲ? လမ်းပေါ်မှာလူသွားလူလာပြတ်နေပြီဟာ”

“ဒီအချိန်မှသိမ်းတဲ့ဈေးသည်တွေရှိတယ် ဦးဦး။ တချို့ တက္ကစီတွေ ဆိုက်ကားတွေလဲ ဒီအချိန်မှသိမ်းတာ။ သူတို့ပြန်တဲ့အချိန် သား တောင်းလို့ရတာပဲလေ။ လက်ဘက်ရည်ဆိုင်တွေနားမှာလဲ တောင်းလို့ရတာပဲ။ဘောပွဲပြတဲ့ဆိုင်ဆို မြန်မြန်ရတယ်။”

“ကဲ အဲဒီ ၃၀၀၀ မပြည့်ရင်ရော မင်းဘယ်နားသွားအိပ်မလဲ? အိမ်မပြန်တော့ဘူးလား?”

“အဲ့လိုဆိုလဲ သားကိုသိတဲ့ လက်ဘက်ရည်ဆိုင်တခုမှာ ခွင့်တောင်းပြီး စားပွဲလေးတွေဆက်အိပ် လိုက်မှာပေါ့။ အဲဒီဆိုင်ကသဘောကောင်းတယ်ဗျ။ ဆမူဆာလေးကျန်ရင်လဲ ထမင်းနဲ့ကြိတ်လို့ရသေးတယ်။ ညဘက်သား အိပ်တုန်းပိုက်ဆံပျောက်မှာကြောက်ရင်လဲ အဲဒီကစားပွဲထိုး အကိုကြီးကို အပ်ထားလို့ရတယ်။ နောက်နေ့အတွက်

၃၀၀၀ ပြည့်မှ အဲဒီအကိုကြီးဆီက ပြန်ယူပြီး ၂ရက်စာ အဖေ့လက်အပ်လိုက်တာပေါ့”

“ကဲ..အဲဒါဆို သားလိုတဲ့ ၈၀၀ ဦးဦးတို့ပေးမယ်….မင်းပြန်တော့… မိုးချုပ်လှပြီ။ ဒါနဲ့ မင်းဘယ်ကိုပြန်ရမှာလဲ?

“သာကေတ”

“ဘယ်လိုပြန်မလဲ? သာကေတပြန်တဲ့ကားရှိသေးလား?”

“ကားစီးရင် ၃၀၀၀လျော့သွားမှာပေါ့… သားလမ်းလျှောက်ပြန်မယ်… ပြန်နေကြပါ”

“ဟေ… ဒီအချိန်ကြီးကို..လမ်းမှာမင်းကိုရိုက်လုရင် ဘယ်လိုလုပ်မလဲ?”

“မလုပါဘူးဗျ… ဒီနားတ၀ိုက်မှာသားကို သိနေကြပြီပဲ”

“ကဲ….ကိုယ်တော်လေး ကားစီးပြန်ပါကွာ… ၁ထောင်ပေးမယ်.. အဲဒါဆို ကားခ ၂၀၀ ရပြီပေါ့”

“တကယ်လား ဦးဦး…တကယ်ကြီးပေးမှာလား?”

ကလေးငယ်ရဲ့မျက်ဝန်းတွေက ခုနကလိုပဲအရောင်တလက်လက်နဲ့။ သို့သော် မျက်ရည်များနှင့်တော့ မဟုတ် ပါလေ။

….

ညိုတို့ကားပေါ်ပြန်အတက်မှာတော့ ငွေ၂သိန်းတန် bill စာရွက်ကလေးက ကားကြမ်းပြင်မှာ။ ၂နာရီ အတွင်းလူ ၉ ယောက်ဖြုန်းတီးခဲ့သောငွေက ၂သိန်းတဲ့။ ကလေးတစ်ယောက်တော့ ည ၉နာရီကျော်သည်အထိ ငွေ ၃၀၀၀ အတွက်လမ်းဘေးမှာထိုင်တောင်းနေရသည်တဲ့။

ကားကြမ်းပြင်မှ bill ဖြတ်ပိုင်းလေးကို ကောက်ယူလွှင့်ပစ်လိုက်မိသည်။

ညိုလွှင့်ပစ်လိုက်တဲ့ bill စာရွက်ကလေးက လမ်းမထက်မှာ ဟိုဟိုဒီဒီလွင့်လို့…........

ဒီကလေးလေးရဲ့ ဘ၀ရှေ့ရေး ကရော လမ်းမပေါ်မှာ ဘယ်ကို ဘယ်လို ဘယ်ချိန်ထိများ လွင့်မျောနေဦးမှာပါလိမ့်…..........

....

ချစ်ခြင်းများစွာဖြင့်

မိုးကြာညို

 

 
Share on facebook
သူလို သတ္တိ ရှိရှိ ရင်ဆိုင်ပါ
You need Flash player 6+ and JavaScript enabled to view this video.
mod_vvisit_counterယနေ့ လည်ပတ်သူဦးရေ364
mod_vvisit_counterမနေ့က လည်ပတ်သူဦးရေ480
mod_vvisit_counterယခုလ လည်ပတ်သူဦးရေ9979
mod_vvisit_counterစုစုပေါင်း530503

We have: 11 guests online
Today: May 18, 2013
ယခင် စကားပြေ/၀တ္တျများ

မေတ္တာတရား ရှာပုံတော် (၀တ္ထုတို) ခင်မမမျိုးကြယ်နီတပွင်(၀တ္ထုတို) ခင်မမမျိုးပန်းပျိုးလက် (၀တ္ထုတို) ခင်မမမျိုးလူသိရှင်ကြား ၀န်ခံတဲ့စာ ညိုထက် (လမ်းသစ်ဦး)ကျနော်နဲ့ ကဗျာ ညိုထက် (လမ်းသစ်ဦး) လေဟာနယ် ညိုထက် (လမ်းသစ်ဦး) သတင်းစာ ဆရာကြီး ဦးဝင်းတင်နှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြသူများကိုဖိုးထောင် ခြေသပွတ်တိုင်လည်သွားခြင်း ခင်လွန်းခေတ်ရဲ့ သားကောင်တွေ ညိုထက် (လမ်းသစ်ဦး) သစ်ပင်များ ဘာသာပြန်သူ-ထိုက်စံ နာဂစ် မိုးထက်နေ ကြွက် ဘာသာပြန်သူ-ဟိန်း ကြွေရွက် ဘာသာပြန်သူ-ခနွေးနွေးရေ၏ဒဿန ဘာသာပြန်သူ-အောင်ငဲမေတ္တာ နှောင်ကြိုး ငြိမ်းစုဗဟိန်း သို့မဟုတ် ညီညွတ်ရေး ဗိသုကာ CPB ဗဟိုပညာရေးနှင့်ဝါဒဖြန့်ချိရေး ● သူ့ရင်တဲမှာ ရဲရင်တဲ့ စစ်သည်တော်တသန်း ယဉ်လေးမောင်ဒသမမြောက်ကျား ရဲဘော် သိန်းဝင်မီးချစ်ရောင်းတဲ့ ကောင်မလေး ရဲဘော် စိန်ထွန်း အသစ္စာ ၀င်းဆင့်ထန်းဘူတာအမှတ်-၄၅ ခင်လွန်းဘိသိတ်ခံယူပွဲ ညိုထက် (လမ်းသစ်ဦး) ဆင်းရဲသား ဌေးသိန်း ဒေါက်တာရေချမ်း ရိုက်လိမ့်မယ် ညွန်းဆက် ဆန်ရောင်းသွားတဲ့နေ့က တင်သန်းဝင်း ကျွန်တော်တို့ရဲ့ မိုးကောင်းကင် (သို့မဟုတ်) မြေရိုင်းပြင်မဲ့ သားအဖ ထက်မိုးဝဇီတိုင် ကုသ သောင်ရင်း မျှော်စငကိုဈာန်