စကားပြေ/၀တ္တျ တိုက်စားခြင်း (၂)

တိုက်စားခြင်း (၂)

User Rating: / 0
PoorBest 

ညိုတို့တွင် မိသားစုဝင် ၅ ဦးရှိသော်လည်း မြန်မာနိုင်ငံအနှံ့ နေရာဌာန ၅ ခု ၌ နေထိုင်ကြပါသည်။ အဖွားက ညိုတို့အိမ်ရှိသော ရန်ကုန်တွင်၊ ဖေဖေက ခြံစိုက်သူမို့ မှော်ဘီတွင်၊ မေမေက ၀န်ထမ်းတစ်ယောက်ဖြစ်သော ကြောင့် ရခိုင်ပြည်နယ် မောင်တောမြို့တွင်၊ အကိုက မန္တလေးပြည်သူ့ဆေးရုံကြီး၌တာဝန်ကျသော ဆရာဝန် တစ်ယောက်၊ ညိုကတော့ ရှမ်းပြည်မြောက်ပိုင်းတွင် တာဝန်ကျဝန်ထမ်းတစ်ဦး ဖြစ်ပါသည်။ အဲဒီအချိန်တုန်းက ရှမ်းပြည်နယ်မှာတာဝန်ကျသောကျွန်မ အဖွားနေထိုင်ရာ ဇာတိမြို့ဖြစ်သောရန်ကုန်မြို့သို့ အားလပ်ရက် အတွင်း အလည်အပတ်ပြန်ရောက်နေချိန် ဖြစ်ပါသည်။

မနက်စောစော အဖွားက ဖုန်း Bill ဆောင်ပေးပါဟုပြောလာ သဖြင့် ယနေ့အတွက်အစီအစဉ်များကို ခေါင်းထဲတချက်ပြန်စဉ်းစားရင်း ဖုန်း bill ကိစ္စပါထည့်သွင်းထားလိုက် သည်။ ရန်ကုန်တွင် အဖွားတယောက်သာရှိပြီး လှုပ်ရှားသွားလာနိုင်သူအားလုံး အဝေးမှာရောက်နေကြသဖြင့် ဖုန်းbillဆောင်ခြင်းသည်လည်း ညိုတို့မိသားစုအတွက်အရေးကြီးကိစ္စတခုဖြစ်ပါသည်။ ထို့ကြောင့် မြန်မာ့တံခွန် အကျိုးဆောင်လုပ်ငန်းသို့ ကြိုတင်ငွေသွင်းထားခြင်းဖြင့် ပြဿနာကိုပြေလည်စေရပါသည်။ ပေးသွင်း ထားသည့်ငွေကုန်သွားလျှင် အကျိုးဆောင်လုပ်ငန်းမှ အိမ်ကိုအကြောင်းကြားပါသည်။ ထိုအခါမှ ထပ်မံငွေသွင်း ရုံပဲမို့ အတော်ပင်အဆင်ပြေလှသည်။ ထိုစဉ်က ယခုကဲ့သို့ M.P.T မှ ကြိုတင်ငွေလက်ခံခြင်းမရှိသေးပါ။

-

မနက် ၉ နာရီခန့်တွင်ရေမိုးချိုးပြီး မြို့ထဲသို့ ဖုန်းbill ဆောင်ရန်၊ သူငယ်ချင်းများနှင့်တွေ့ဆုံရန်၊ စာအုပ်ဝယ်ရန် နှင့် အခြားဗာဟီရကိစ္စများပြုလုပ်ရန်ထွက်လာခဲ့သည်။ ဖုန်းစာအုပ်တွေပြန်စစ်ရသည်။ ဖ.ဆ.ပ.လ သို့နောက်တစ်ရက်ထပ်မသွားနိုင်ပါ။ ငွေစစ်ရသည်။ ဖုန်းbillများနှင့် စာအုပ်ဝယ်ဖို့ လုံလောက်မည့် အတိုင်းအတာ၊ မျက်စိထဲတွေ့လာလို့ ၀ယ်ချင်ခြမ်းချင်ရင် အဆင်သင့်ဖြစ်စေရန် ပမာဏအချို့။ ရှမ်းပြည်မှ ပြန်လာသူညို့အဖို့ ရန်ကုန်နေကစူးလွန်းလှသည်။ တောထဲတောင်ထဲဒေါင်ကျကျပြားကျကျနေလာခဲ့သူမို့ သုဝဏ္ဏနှင့်မြို့ထဲကို တက္ကစီမစီးသင့်ဟု ကိုယ့်ဘာသာဆုံးဖြတ်ချက်ချပြီး ဘတ်စ်ကားစောင့်နေ လိုက်သည်။ ကားမှတ်တိုင်အနောက်က လက်ဘက်ရည်ဆိုင်မှ HipHopသီချင်းသံက ညို့အတွက်နားဆူစေသည်။ ရံဖန်ရံခါမှ ပြန်လာတတ်တော့အညို့ကို ရပ်ကွက်ထဲမှ နှုတ်ဆက်အရေးတယူမေးမြန်းမှုများကလည်း အတောမသတ်နိုင်။ အနည်းဆုံးပြုံးပြရ၊ မြို့ထဲသွားမလို့ဟုဖြေရ။ ထို့ပြင် မနက် ၉း၃၀၏နေပူပူနဲ့ဆိုတော့ ညိုဆက်ပြီးသည်းမခံ နိုင်တော့။ Mp3 လေးနားကြပ်လေးသိသိသာသာတပ်လိုက်ပြီး လာခဲသော၊ လာသော်လည်း တက်မရအောင် ကြပ်နေတတ်သော ဘတ်စ်ကားကိုစောင့်မျှော်နေမိသည်။ နားကြပ်သိသိသာသာတပ်ထားမှ ဘယ်သူမှစကား လာမပြောတော့မှာလေ :D နားကြပ်ထဲမှ စီးဆင်းလာသော Micheal Jackson ရဲ့ Heal the World သီချင်းက ညို့အတွက်ချိုမြနေသည်။ ထိုစဉ် ညို့လက်ကိုတစ်စုံတစ်ယောက်တမင်တကာ လာတို့တာသိလိုက်သည်။ ဘေးကိုကြည့်တော့ ဘယ်သူမှမရှိ။ အောက်ကိုငုံ့ကြည့်လိုက်တော့ ညစ်ပတ်ပေရေနေသည့် ကလေးတစ်ဦး။ ညို့လက်ကိုကိုင်ဆွဲထားရင်းပဲ သူ့နှုတ်ခမ်းတွေလှုပ်ရှားနေသည်။ သူဘာပြောလဲ ညိုမသိ။

အဟားးးနားကြပ်က တရားခံ။ နားကြပ်တဖက်ဆွဲဖြုတ်လိုက်တော့ ကျန်နေတဲ့နားတဖက်ထဲမှာ If You Care Enough For the Living, Make a Little place, Make a Better place..... သီချင်းသံတိုးသဲ့သဲ့ဖြစ်သွားသည်။ ခေါင်းငုံ့လျက် သားဘာပြောလဲ အန်တီ့ကိုပြန်ပြောဆိုတော့

-

“သားဗိုက်ဆာလို့ မုန့်ဖိုးပေးပါ”

ညို့ဒေါသတွေထောင်းကနဲထွက်သွားသည်။ အရင်က ဒီရပ်ကွက်မှာဒီလိုကလေးမရှိခဲ့။ ကလေးကအရမ်းငယ် လွန်းသည်။ သူ့ကိုတစ်စုံတစ်ယောက်က တောင်းရမ်းခိုင်းတာသေချာသည်။ ကလေးငယ်အား ခိုင်းစေသူသည် အနီးအနားမှာပဲရှိလိမ့်မယ်ဟု ယူဆသဖြင့် ဘေးပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်မိတော့ ကားမှတ်တိုင်ရဲ့ တိုင်အကွယ်မှာရပ်နေသည့် ခပ်နွမ်းနွမ်းမိန်းမတယောက်။ ကြွပ်ကြွပ်အိတ်တလုံးကိုင်ထားသည်။ အ၀တ်အစား အတော်ပင်စုတ်ချာသည်။ သို့သော် မလှစုန်းယိုးမဖြစ်ချင်။ သေချာမှပြောတော့မည်။

“သားတကယ်ဗိုက်ဆာနေတာလား”

“ဟုတ်ကဲ့”

“အိုကေ”

လေတချက်တောင်ချွန်မိလိုက်လားမသိပါ။ ကလေးကိုလက်ဆွဲပြီး လမ်းတဖက်ခြမ်းရှိ ဈေးတန်းကလေးဆီ ချီတက်သွားလိုက်သည်။ ကောက်ညှင်းပေါင်း ၂၀၀ ဖိုးဝယ်ပြီး ကလေးလက်ထဲကိုထည့်ကာ သားဗိုက်ဆာတယ် ဆို ကောက်ညှင်းပေါင်းစားလိုက်ရင် နေ့လည်ပါမဆာတော့ဘူးဟုပြောကာ ကားမှတ်တိုင်ဆီ ပြန်လျှောက်လာ ခဲ့လိုက်သည်။ သီချင်းကိုပိတ်ပစ်လိုက်ပြီး နားရှင်ရှင်ထား အသံစွင့်၊ မျက်စိရှင်ရှင်ထား ကလေးကိုလိုက်ကြည့် နေမိသည်။ ကလေးကိုတောင်းရမ်းခိုင်းတဲ့သူကို ဖော်ထုတ်မှဖြစ်မည်။ သေချာပါပြီ။ ကလေးက ကားမှတ်တိုင် အကွယ်ရှိမိန်းမထံသွားပြီး ကောက်ညှင်းပေါင်းထုပ်ကမ်းပေးလိုက်တော့ ရင်ထဲကဒေါသက ထိန်းမရတော့။ ရပ်ကွက်ထဲမှရော အခြားရပ်ကွက်မှရော ယောက်ျားသားအများအပြားထိုင်နေသည့် လက်ဘက်ရည်ဆိုင်ရှေ့ ဆိုတာလဲ ညိုမေ့သွားသည်။ ထိုမိန်းမနှင့်ကလေးထံ ခြေလှမ်းကြဲကြဲဖြင့်လျှောက်သွားသော်လည်း ထိုမိန်းမက ညို့ကိုမမြင်။ ကလေးငယ်ကို စတင်ရိုက်နှက်ပါတော့သည်။ အယုတ္တအနတ္တများဆဲဆိုရေရွတ်ရင်း အသက် ၃-၄နှစ် အရွယ်ကလေးငယ်ကို မညှာမတာရိုက်နှက်နေသည်။ သူတို့အနားကိုညိုရောက်တော့ အမျိုးသမီးမျက်နှာ မှာ အရောင်အမျိုးမျိုးဖြတ်သန်းသွားသလို ညို့ကိုပါရိုက်ချင်နေပုံပေါ်သည်။ Don’t care ပါ။

-

“ရှင်ဘာလို့ကလေးကိုတောင်းစားခိုင်းရတာလဲ။ မွေးထားတာတောင်းစားခိုင်းဖို့လား။ ဒီအရွယ်ဆိုတာ မူကြိုမှာ ရှိနေရမယ့်အရွယ်။ ကလေးဆိုတာ တောင်းစားခိုင်းဖို့ ရိုက်နှက်ခံဖို့မွေးလာတာမဟုတ်ဘူး”

 

“ကိုယ့်သားကိုယ်ရိုက်တာဘာဖြစ်လဲ။ လူကိုဆင်းရဲတယ်ဆိုတာနဲ့ပဲနှိမ်စရာလား။ ဟုတ်တယ် ငါတို့မရှိဆင်းရဲ လို့ ငါ့သားကိုငါတောင်းခိုင်းတာဘာဖြစ်လဲ”

“ရှင်အဲ့လိုလုပ်တာ ကလေးသူငယ်အခွင့်အရေးနဲ့မညီဘူး။ တရားတောင်စွဲလို့ရတယ်ဆိုတာ သိရဲ့လား”

“!@#$%^&*()......)(*&^%$#@!”

ကျိန်ဆဲနည်းအမျိုးမျိုးနှင့်ညို့ကိုဆဲပါလေတော့သည်။ လက်ဘက်ရည်ထိုင်နေသော ရပ်မိရပ်ဖလူကြီးများနှင့် ရပ်ကွက်ဥက္ကဋ္ဌ ရောက်လာပြီး ဖျန်ဖြေကာမှ ထိုအမျိုးသမီးထွက်ခွါသွားခဲ့သည်။ ကလေးကိုလဲလက်မောင်းမှ ဆောင့်ဆွဲလိုက်တာ ကလေးမှာမျက်ရည်ပေါက်ပေါက်ကျလို့။

-

“ကလေးကိုဘယ်လောက်ထိရိုက်နှက်နေဦးမှာပါလိမ့်???”

“ငါမှားသွားပြီလား? ကလေးကိုနှိပ်စက်နေရင် ဘယ်လိုလုပ်မလဲ?”

ဒေါသသင့်လျက်လုပ်မိသော မိမိလုပ်ရပ်အတွက် ကလေးကိုထိခိုက်သွားမှာ အလွန်အမင်းပူပန်လာမိသည်။ သို့သော် မတတ်နိုင်တော့။ သူတို့လဲထွက်ခွါသွားပြီဖြစ်သလို ဤကဲ့သို့ကလေးသူငယ်အခွင့်အရေး ချိုးဖောက် မှုအားလည်း ညိုလက်ပိုက်ကြည့်နေနိုင်မည်မဟုတ်ပါ။ သက်ပြင်းမောသာချလိုက်ရတော့သည်။

နာရီကြည့်လိုက်တော့ ၁၀နာရ်ီခွဲပင်ရှိသွားခဲ့ပြီ။ ကံအားလျော်စွာ ဆူးလေကားတစ်စီးဆိုက်လာပြီး လူသိပ် မကြပ်သဖြင့် တက်လိုက်လာခဲ့သည်။ ဘားလမ်းမှတ်တိုင်မှာဆင်း၍ မြို့တော်ခန်းမဘေးသို့လမ်းလျှောက်ကာ မြောက်ဒဂုံကားတစ်စီးနှင့် ဖ.ဆ.ပ.လ သို့ ၁၂း၀၀ တိတိမှာရောက်ခဲ့ပါသည်။ ဗိုက်နည်းနည်းဆာလာသလို ဖြစ်သည့်အပြင် City mart ထဲမှ Season မုန့်ဆိုင်ကလဲ ညို့ကိုမျက်စပစ်ပြနေတော့ မုန့်ဝင်ဝယ်သည်။ ချိန်းထားသောသူငယ်ချင်းက Season မှမုန့်များကိုအလွန်ကြိုက်နှစ်သက်သူဖြစ်သဖြင့် သူ့အတွက်မုန့် ၂ ခုပိုဝယ်လိုက်ရသည်။ City mart အပေါ်ထပ် ၃လွှာမှာတည်ရှိသော မြန်မာ့တံခွန်အကျိုးဆောင်လုပ်ငန်းသို့ တက်လာစဉ် ပထမထပ်လှေကားကွေ့မှာ ကလေးငယ်နှစ်ယောက်။

-

ကလေးအကြီးလေးက တမံသလင်းပေါ်ကျသွားတဲ့ ထမင်းခဲလေးကိုကောက်ယူပြီး သူ့ပါးစပ်ထဲထည့်လိုက်ချိန် ညိုကလဲမော့အကြည့်နှင့်တိုက်ဆိုင်သွားသည်။ ဘုရားရေ။ လူတကာနင်းတက်နေတဲ့လှေကား တမံသလင်းပေါ် ကျနေတဲ့ထမင်းခဲသေးသေးကို ဒီကလေးကောက်စားလိုက်တာ? ညိုမျက်စိတွေပြူးသွားမိပါသည်။ ဆက်မတက် သေးဘဲ သူတို့ကိုဆက်ကြည့်နေတော့ ၃နှစ်အရွယ်ခန့် အငယ်လေးက လန့်ပြီးထငိုတော့သည်။

“အယ်.. မငိုနဲ့လေ ကလေးရဲ့… အန်တီဘာမှမလုပ်ပါဘူး။ သားသားတို့ထမင်းကို လုစားမလို့မဟုတ်ဘူးလေ”

သေရော။ ကလေးမငိုအောင် ဘယ်လိုချော့ရမယ်မှန်းမသိတော့ ပြောထွက်သွားတဲ့စကားက “လုစားမလို့ မဟုတ်ဘူး” တဲ့။ ပြောပြီးမှ ကိုယ့်ဘာသာရယ်ချင်မိသွားသည်။ ပြီးတော့ သတိကလေးကပ်ထားလိုက်သည်။ မနက်ကလိုအဖြစ်မျိုး ထပ်မဖြစ်ချင်တော့။

ထုံးစံအတိုင်း အင်တာဗျူးလုပ်ချင်စိတ်ကတဖွားဖွားပေါ်လာပြန်သဖြင့် သူတို့ရှိရာလှေကားကွေ့လေးသို့ ဆက်တက်သွားပြီး သူတို့အောက်တဆင့်မှာ နံရံဘက်သို့ကျောကပ်ပြီး ထိုင်ချလိုက်သည်။

“သားတို့ဘာနဲ့စားနေလဲ”

“ချဉ်ဟင်း”

ကလေးအကြီးလေးကပြန်ဖြေပါသည်။ ကလေးငယ်လေးကတော့ အငိုတိတ်သွားပြီဖြစ်သည့်အပြင် ကျွန်မကိုင် ထားတဲ့ Season အိတ်ကိုသာမျက်တောင်မခတ်တမ်းကြည့်နေတာ သတိပြုမိလိုက်သည်။

“အိမ်ကယူလာတာလားသား”

…..

ဘာမှမဖြေပါ။ ကလေးကိုဆက်ပြီး communicate လုပ်ဖို့ကြိုးစားကြည့်ချင်သေးသည်။

“သားတို့မေမေရော ဘယ်သွားလဲ”

“သွားတယ်။ အဝေးးကြီးကိုသွားတယ်” ကလေးအငယ်က၀င်ဖြေသည်။

“အမေက ကလေးမမွေးနိုင်လို့သေသွားပြီ” ကလေးအကြီးလေးကဖြေရင်း မျက်ရည်တွေဝဲလာသည်။

“အိမ်မှာဘယ်သူမှမရှိကြဘူးလားကွယ်”

“မရှိဘူး။ သားတို့ညီအကို၂ယောက်ပဲရှိတာ” ကလေး၂ယောက်လုံးငိုနေကြလေပြီ။

“ဒီထမင်းကဘယ်ကရလဲသား? ဘယ်သူကျွေးတာလဲ? ၀ယ်လာတာလား?”

“ညီလေးဗိုက်ဆာတယ်ဆိုလို့ ဟိုရှေ့ကလက်ဖက်ရည်ဆိုင်မှာ သားပန်းကန်ဆေးပေးပြီး တောင်းလာတာ”

ဘယ်ဘက်ရင်အုံခြမ်းမှာ ဆစ်ကနဲနာကျင်သွားသလို ခေါင်းထဲမှာရိပ်တိတ်တိတ်ဖြစ်လာရသည်။ နေအပူကြောင့် လားမသိ။ ညိုဆက်မမေးရက်တော့ပါ။ လက်ထဲကမုန့်ထုပ်ကို ကလေးတွေဆီကမ်းပေးရင် ညနေကျဆာရင် စားကြနော်လို့တခွန်းပဲပြောမိသည်။ ကလေးအကြီးလေးက မတ်တပ်ရပ်ရင်းတရိုတသေကမ်းယူတော့ သူ့ရဲ့ ညစ်ထပ်ထပ် ဗလာခြေထောက်ကိုမြင်ရသည်။ မနက်ကအိမ်မှမထွက်ခင် ညိုစီးချင်တဲ့ ကတ္တီပါဖိနပ်ဝယ်မထား လို့ အဖွားကို ဂျီကျခဲ့မိတာအတွက် နည်းနည်းရှက်သွားမိသည်။

မနက်ကတွေ့ခဲ့တဲ့အမေကတော့ သားငယ်ကိုတောင်းရမ်းခိုင်းသည်။ ယခုတွေ့နေတဲ့ ကလေးငယ်ကတော့ အကိုကြီးအဖရာဆိုသလို ညီလေးဗိုက်ဝဖို့ သူကပန်းကန်ဆေးပြီးတောင်းယူပေးသည်။ အဲ့ဒီကလေး ၃ ယောက် လုံး ဖိနပ်မရှိချိန်မှာညိုကကတ္တီပါဖိနပ်တရံအတွက် အဖွားကိုဆိုးနွဲ့ဂျီကျနေမိသည်။ဒီကလေးတွေစားစရာ မရှိချိန်မှာ ညိုကသူငယ်ချင်းတွေနဲ့ စားသောက်ဖို့ချိန်းဆိုနေမိသည်။ ဒီကလေးတွေ စာသင်ခန်းထဲမရှိချိန် ညိုကတော့ ၀တ္တုစာအုပ်တွေဝယ်ဖို့ကြံစည်နေမိသည်။

“ဘုရား..ဘုရား… ငါဘာလို့အဲ့လောက်မစဉ်းစားမဆင်ခြင်လုပ်နေမိပါလိမ့်”

မနက်ကကလေးငယ်အားတောင်းရမ်းခိုင်းသူ အမျိုးသမီးကိုပြောဆိုမိသည့် မိမိဖြစ်ရပ်ကိုပြန်စဉ်းစားရင်း

And The Dream We Were

Conceived In

Will Reveal A Joyful Face

And The World We

Once Believed In

Will Shine Again In Grace

Then Why Do We Keep

Strangling Life

Wound This Earth

Crucify Its Soul

Though It's Plain To See

This World Is Heavenly

Be God's Glow

“မိမိကိုယ်ကိုယ်ကောင်းအောင် ကြိုးစားမည်”

ချစ်ခြင်းများစွာဖြင့်

မိုးကြာညို

 
Share on facebook
သူလို သတ္တိ ရှိရှိ ရင်ဆိုင်ပါ
You need Flash player 6+ and JavaScript enabled to view this video.
mod_vvisit_counterယနေ့ လည်ပတ်သူဦးရေ421
mod_vvisit_counterမနေ့က လည်ပတ်သူဦးရေ716
mod_vvisit_counterယခုလ လည်ပတ်သူဦးရေ12797
mod_vvisit_counterစုစုပေါင်း533321

We have: 3 guests, 2 bots online
Today: May 23, 2013
ယခင် စကားပြေ/၀တ္တျများ

မေတ္တာတရား ရှာပုံတော် (၀တ္ထုတို) ခင်မမမျိုးကြယ်နီတပွင်(၀တ္ထုတို) ခင်မမမျိုးပန်းပျိုးလက် (၀တ္ထုတို) ခင်မမမျိုးလူသိရှင်ကြား ၀န်ခံတဲ့စာ ညိုထက် (လမ်းသစ်ဦး)ကျနော်နဲ့ ကဗျာ ညိုထက် (လမ်းသစ်ဦး) လေဟာနယ် ညိုထက် (လမ်းသစ်ဦး) သတင်းစာ ဆရာကြီး ဦးဝင်းတင်နှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြသူများကိုဖိုးထောင် ခြေသပွတ်တိုင်လည်သွားခြင်း ခင်လွန်းခေတ်ရဲ့ သားကောင်တွေ ညိုထက် (လမ်းသစ်ဦး) သစ်ပင်များ ဘာသာပြန်သူ-ထိုက်စံ နာဂစ် မိုးထက်နေ ကြွက် ဘာသာပြန်သူ-ဟိန်း ကြွေရွက် ဘာသာပြန်သူ-ခနွေးနွေးရေ၏ဒဿန ဘာသာပြန်သူ-အောင်ငဲမေတ္တာ နှောင်ကြိုး ငြိမ်းစုဗဟိန်း သို့မဟုတ် ညီညွတ်ရေး ဗိသုကာ CPB ဗဟိုပညာရေးနှင့်ဝါဒဖြန့်ချိရေး ● သူ့ရင်တဲမှာ ရဲရင်တဲ့ စစ်သည်တော်တသန်း ယဉ်လေးမောင်ဒသမမြောက်ကျား ရဲဘော် သိန်းဝင်မီးချစ်ရောင်းတဲ့ ကောင်မလေး ရဲဘော် စိန်ထွန်း အသစ္စာ ၀င်းဆင့်ထန်းဘူတာအမှတ်-၄၅ ခင်လွန်းဘိသိတ်ခံယူပွဲ ညိုထက် (လမ်းသစ်ဦး) ဆင်းရဲသား ဌေးသိန်း ဒေါက်တာရေချမ်း ရိုက်လိမ့်မယ် ညွန်းဆက် ဆန်ရောင်းသွားတဲ့နေ့က တင်သန်းဝင်း ကျွန်တော်တို့ရဲ့ မိုးကောင်းကင် (သို့မဟုတ်) မြေရိုင်းပြင်မဲ့ သားအဖ ထက်မိုးဝဇီတိုင် ကုသ သောင်ရင်း မျှော်စငကိုဈာန်