ဒီမိုကရေစီ လေ့လာရေး စာစဉ် အခန်း(၆) အပိုင်း (၂)
အော်လီဂါခီ (Oligarchy)
ဂရိဝေါဟာရ အော်လီဂါခီသည်လည်း အရစ္စတိုကရေစီ ကဲ့သို့ပင် လူနည်းစု အုပ်ချုပ်ရေးစနစ်ဟု အဓိပ္ပါယ်ရသည်။ သို့သော် အရစ္စတိုကရေစီ လက်ရွေးစင် လူအုပ်စုအဖြစ် လေ့ကျင့်ထားသူများ သို့မဟုတ် ၄င်းတို့ဖာသာ ၄င်းတို့ ကြွေးကြော်နေသူများက အာဏာထိန်းချုပ်ထားသော လူနည်းစု အုပ်ချုပ်ရေးဖြစ်ပြီး အော်လီဂါခီကမှု အုပ်ချုပ်ရေးစနစ် တခုအတွင်းတွင် တဖြည်းဖြည်း လူနည်းစုသာ အာဏာရရှိလာခြင်း၊ ဆက်လက်ထိန်းချုပ်ထားခြင်း သဘောကို ပိုဆောင်သည်။
အော်လီဂါခီသည် လူပုဂ္ဂိုလ်တဦးတည်းက အုပ်ချုပ်သော အုပ်ချုပ်ရေးစနစ် ဖြစ်သည်။ သက်ဦးဆံပိုင် အုပ်ချုပ်ရေးစနစ်နှင့် ပြည်သူလူထု အုပ်ချုပ်ရေးဖြစ်သည့် ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်တို့နှင့် ကွဲလွဲခြားနားမှု ရှိသည်။ အော်လီဂါခီသည် ချမ်းသာကြွယ်ဝသူများ အာဏာရရှိရေး ကို ဦးတည်စေသည့် လူကုံးထံအုပ်ချုပ်ရေး (Plutocracy) ဖြစ်ကြောင်း အချို့သော လေ့လာသုံးသပ်မှုများက ထောက်ပြကြသည်။ တနည်းအားဖြင့် ချမ်းသာကြွယ်သမှု ငွေပကာသနဖြင့် အာဏာရယူသော အုပ်ချုပ်ရေးစနစ် ဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။
၁၉-၂၀ ရာစုနှစ်များ အတွင်းတွင် အော်လီဂါခီကို နိုင်ငံတော်ကို အုပ်ချုပ်သော အုပ်ချုပ်ရေးစနစ် အဖြစ် မတွေ့ရတော့ပေ။ သို့သော် နိုင်ငံရေးပါတီအတွင်း အုပ်ချုပ်ရေးများနှင့် အလုပ်သမားသမဂ္ဂ၊ အသင်းဖွဲ့များ အတွင်း အော်လီခါခီ အုပ်ချုပ်ရေးစနစ် ဖြစ်ပေါ်နေသည်ကို လေ့လာတွေ့ရှိရသည်။ အဆိုပါ အဖွဲ့အစည်းများ အတွင်း ခေါင်းဆောင်မှုနေရာ ရရှိသူတို့သည် ဒီမိုကရေစီ အခြေခံကျင့်စဉ်များအရ အာဏာရလာခြင်းမျိုး ရှိသကဲ့သို့ အချို့မှာ ချမ်းသာကြွယ်ဝမှု အရှိန်အ၀ါကြောင့်နေရာရလာသူများ ဖြစ်ကြောင်း လေ့လာသူအချို့က ထောက်ပြကြသည်။ ထိုသူတို့သည် ထောက်ခံပေးမည့် အောက်ခြေထု မဲဆန္ဒရှင်များကို အပိုင် စည်းရုံးထားနိုင်ခြင်း၊ သတင်းပြန့်ကြားရေးလုပ်ငန်းများကို ထိန်းချုပ်ထားနိုင်ခြင်း၊ ဒီမိုကရေစီ ကျင့်စဉ်များကို မျက်ကွယ်ပြုထားခြင်းတို့ ပြုနိုင်သည်။ ထိုအကြောင်းကို အကျယ်တ၀င့် ရေးသားဖော်ပြခဲ့သူမှာ မိုက်ကယ် (Robert. D. Michels)ဖြစ်သည်။ ၄င်းရေးသားသော အော်လီဂါခီ သံမဏိဥပဒေ (Iron Law of Oligarchy) အမည်ရှိလေ့လာချက်တွင် အော်လီဂါခီသည် ဒီမိုကရေစီမကျသော ၊ ဒီမိုကရေစီနှင့် ဆန့်ကျင့်သော အုပ်ချုပ်ရေး စနစ် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ဒီမိုကရေစီနှင့် ဆန့်ကျင်သော အုပ်ချုပ်ရေးစနစ်များအပေါ် ငုံခြုံသုံးသပ်ခြင်း
Conclusion On Anti-Democratic Regimes
ဒီမိုကရေစီနှင့် ဆန့်ကျင်သော အုပ်ချုပ်ရေးစနစ်အချို့အကြောင်းကို အကြမ်းဖျမ်းမျှ တင်ပြခဲ့ပါသည်။ ထိုသို့ တင်ပြရခြင်း၏ အဓိကရည်ရွယ်ချက်သည် ဒီမိုကရေစီနှင့် ဆန့်ကျင်သော အုပ်ချုပ်ရေးစနစ်များအကြောင်း ရေဘူယျြုခံငုံသိရှိခြင်းဖြင့် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်အကြောင်း လေ့လာရာတွင် အထောက်အကူ ပြုစေရန် အတွက်ဖြစ်သည်။ အထက်တွင်ဖေါ်ပြခဲ့သည့်အတိုင်း ကမ္ဘာကြီးတွင် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဆီသို့ အရှိန် အဟုန်ဖြင့် ပြောင်းလဲလျှက်ရှိရာ ဒီမိုကရေစီနှင့်ဆန့်ကျင်သော အုပ်ချုပ်ရေးစနစ်ကို ပေါ်ပေါ်တင်တင် ကျင့်သုံးနေခြင်းများ မတွေ့ရတော့ပေ။
ဒီမိုကရေစီနှင့်ဆန့်ကျင်သော အုပ်ချုပ်ရေးစနစ်တွင် အဓိကအားဖြင့်လူတဦးတည်းကသာ ပိုင်စိုးအုပ်ချုပ်သော စနစ် (Despotism)နှင့် လူနည်းစုကသာ အာဏာပိုင်စိုးအုပ်ချုပ်သောစနစ်ဟူ ၍ နှစ်မျိုးခွဲခြားလေ့လာနိုင်သည်။ လူတဦးတည်းကသာအာဏာ ပိုင်စိုးအုပ်ချုပ်သောစနစ်တွင် သက်ဦးဆံပိုင်ဘုရင် အုပ်ချုပ်ရေးစနစ်နှင့် လူတစ်ဦး တည်းကသာ အုပ်ချုပ်သောစနစ်ဟူ၍ ထပ်မံတွေ့ရှိရသည်။ ယနေ့အခါတွင် သက်ဦးဆံပိုင်ဘုရင်စနစ်စစ် (၀ါ) အကြွင်းမဲ့သက်ဦးဆံပိုင်ဘုရင်စနစ်သည် ဒီမိုကရေစီလှိုင်းတံပိုးအောက်တွင် တိမ်ြုမုပ်ပြောက်ကွယ်သွားပြီး ဒီမိုကရေစီအုပ်ချုပ် ရေးစနစ်ကို အာမခံသည့်စည်းမျှဉ်းခံ ဘုရင်စနစ်အဖြစ် ပြောင်းလဲသွားလေပြီဖြစ်သည်။ အခိျု့ သောနိုင်ငံများတွင် ဘုရင်မဟုတ်သောလည်း သက်ဦးဆံပိုင်ဘုရင်ကဲ့သို့ အာဏာပိုင်စိုးသော လူပုဂ္ဂိုလ် တဦး တည်းက အုပ်ချုပ်နေမျိုးခြင်းရှိလျှင် ၎င်းစနစ်ကို (Autocracy) ဟုခေါ်သည်။ ထိုသို့သောလူပဂ္ဂိုလ်တဦးတည်း က အုပ်ချုပ်ရေးစနစ်တွင်အုပ်ချုပ်သူသည် လက်အောက်ခံအရာရှိများနှင့် ပြည်သူလူထု၏ တင်ပြချက်ဆန္ဒများကို ငဲ့ကွက်စရာမလိုဘဲ အကြွင်းမဲ့အုပ်ချုပ်ရေး လုပ်ပိုင်ခွင့်ရှိကြသည်။ ထိုသို့သောအစိုးရသည် စနစ်အရသက်ဦး ဆံပိုင်ဘုရင်စနစ်မဟုတ်သော်လည်း အစိုးရပုံစံအရ သက်ဦးဆံပိုင်အစိုးရ (Absolute Government) ဖြစ် ကြောင်း နိုင်ငံရေးသိပ္ပံ ပညာရှင်များက ကင်ပွန်းတပ်ကြသည်။
လူနည်းစုအုပ်ချုပ်သော အုပ်ချုပ်ရေးစနစ်ကို အရစ္စတိုကရေစီနှင့် အော်လီဂါခီဟူ၍ နှစ်မျိုးခွဲခြားလေ့လာနိုင်သည်။ အရစ္စတိုကရေစီသည် လက်ရွေးစဉ်လူတစု အုပ်ချုပ်ရေးဖြစ်ပြီး ၎င်းကို ကွန်ဆာဗေးတစ်ဝါဒ၏ အဆွယ်အပွား အငွေ့အသက်အဖြစ်တွေ့နိုင်သည်။ သာဓကအားဖြင့် အင်္ဂလန်နိုင်ငံ ပါလီမန်အထက်လွတ်တော် (House ofLoads) တွင် ခန့်အပ်ခံရသော ပညာရှိများ (Loads) ဆိုသူများကို အချို့ကအရစ္စတိုကရက်များအဖြစ် ရှုမြင် ကြသည်။ အင်္ဂလန်နိုင်ငံသည် သက်ဦးဆံပိုင်ဘုရင်စနစ်မှ စည်းမျှဉ်းဘုရင်ခံ စနစ်သို့ အဆင့်ဆင့်ကူးပြောင်း သွားရာတွင် ဘုရင်ကိုထောက်ခံပြီး အပြောင်းအလဲမလိုလားသူများအား ဘုရင်အကြံပေးအဖြစ် ခန့်အပ်ခြင်းမှ အစြုပ၍ အခုအချိန်အထိ အင်္ဂလန်ပါလီမန် အထက်လွတ်တော်တွင် ဘုရင်သို့မဟုတ် ဘုရင်မကို ကိုယ်စာြးုပုရ သူများ ပါဝင်နေသည်။ ထို့ကြောင့်ထိုသူများကို အခိျု့ကအရစ္စတိုကရက်များအဖြစ် ဝေဖန်ကြခြင်းဖြစ်သည်။ အခြားသောပုံစံတခုဖြစ်သည့် အော်လီဂါခီလူနည်းစု အုပ်ချုပ်ရေးစနစ်ကိုမူ နိုင်ငံရေးပါတီများ အစည်းအရုံးများ အတွင်း အုပ်ချုပ်ရေးတွင်သာ တွေ့ရတော့သည်။
ယနေ့အချို့ ကမ္ဘာနိုင်ငံတွင် အုပ်ချုပ်လျှက်ရှိသော ဒီမိုကရေစီမဟုတ်သည့် အစိုးရများသည်ဒီမိုကရေစီကို တိုက်ရိုက်ဆန့်ကျင်သော အစိုးရဖြစ်သည်ဆိုရန်ထက် ဒီမိုကရေစီအစိုးရမကျသော အစိုးရဖြစ်သည်ဟူ၍ ပြောရန်ပို၍သင့်တော်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအစိုးရများသည် ဒီမိုကရေစီကို တိုက်ရိုက်ဆန့်ကျင် သော အစိုးရဖွဲ့စည်းခြင်းကို လိမ္မာပါးနပ်စွာရှောင်ရှားပြီး ဒီမိုကရေစီထွန်းကားမကြိုမူ အခြားတဘက်၌ အဟန့်အတာြးုပလျှက်ရှိကြသည်။ တနည်းအားဖြင့် ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးမှုကိုအားပေးမည့် နိုင်ငံရေး ရုပ်ပတ်ဝန်း ကျင်အဖြစ် အပိုင်း (၁) တွင် တင်ပြထားသော အခြေအနေများကို ဆိုလိုပါသည်။
ဆက်လက်ဖေါ်ပြသွားပါမည်။
ABSDF မှထုတ်ဝေသော ဒီမိုကရေစီ လေ့လာရေးစာစဉ်မှ ကူးယူဖေါ်ပြပါသည်။
ငုရင်ပြင်
ဒီမိုကရေစီ လေ့လာရေး စာစဉ် အခန်း(၆) အပိုင်း (၂)










