စံ
ကျော်ကြားဖို့တော့
မစဉ်းစားနဲ့ ကိုယ့်လူ
သူလို ...
ရိုးသား ကြိုးစား နိုင်ပြီလား။
ရွှေရောင် နှလုံးသား ပိုင်ရှင်များဟာ
ပေးဆပ် စွန့်လွှတ်ခြင်းတွေနဲ့ ပါ ... တဲ့
ဖြူစင် ရှင်းသန့်တဲ့ စိတ်နဲ့ ပါ ... တဲ့ ဗျ
ဇီးရိုးပဲ ...
ဘာဆို ဘာ ... မှ မရှိတော့ဘူး
အတ္တ၊ မာန်မာန၊ ဂုဏ်
အို ... ...
အကုန် အကုန်လုံးပဲ ဗျာ။
ကွက်ကွက် ကွင်းကွင်းနဲ့ ဒဲ့ပဲ ပြောမယ်
ရုပ်ရှင်မင်းသား သုဘရာဇာကြီး
ခေါင်း ထမ်းထားတယ်။
ကဲ ...
"ခင်ဗျား ဘာလုပ်မလဲ"
ရိုး(ခေတ္တရာ)
စံ










