ပင်မ စာမျက်နှာ ကဗျာ ဆောင်းပါး စကာြးေ့ပ/၀တ္တု စာအုပ်စင် မြန်မာ့ ကွန်ယက် Download Zawgyi Font
လားတကောင် ဖတ်ဖို့ ဖတ်စာ
    ...အလို...အန္ဓတို့ ...။
မာနတွေကို ကင်စားကြ။
အတ္တ ကြွပ်ကြွပ်ရွရွလေးလေး
နောက်ဖေးလမ်းကြားမှာ ခိုးကြော်
ပျော်ပျော်ပါးပါးမြည်းကြ။

...အဘိဓာန်တွေ အိပ် ပျော်တဲ့ည
(ကဲဟေ့ ...) ခရီးစမယ်။

...တကယ်တော့
လားမှာ
ခရီးသွားဖို့ ဦးနှောက်မရှိဘူး
ဦးဆောင်သူ မြည်းတကောင်ရဲ့နောက်ပါး
လမ်းလျှောက်သွားတတ်ရုံဘဲ။

...အတ္တ
မာန်
မှတ်ကျောက်
အသိဥာဏ်
နှင်းဆီ
သမိုင်း
ခပ်မဆိုင်းဆိုင်း လားတန်းကြီး
ခရီးရှည်မှာ
အငြည်းပြေ စာဖတ်ပါ။

...အဇ္ဈတ္တ ထက်ပိုင်းကြိုးပြီလေ
“လွတ်လပ်ရေး”ဟု မြည်စေသတည်း။

(လားနှင့်တူသော ... ... များသို့ ရည်ညွန်းလျှက်)
    ကေးကေးဇ
 
ကိုယ်ရေး ရာဇ၀င် အကျဉ်း

မခင်သီနှင့် ချီတက်ခြင်း

ကုလားထိုင် စိုက်ပျိုးရေး
အိပ်မက်ကြီးကို မီးလောင်တဲ့ ည
လားတကောင် ဖတ်ဖို့ ဖတ်စာ
ပဲပြုတ်နဲ့နံပြား(သို့ ...... )ဗိုလ်ချုပ်သို့ တောင်းပန်စာ
လုံးနေသောလမ်းနှင့် လည်နေသောပုတီးစေ့များ
ထွက်သက်
ထင်းရှုး သေတ္တာများ
ပဥ္မမမြောက် ကြွက်
ဖရုဿညနေ
ဗီဇကြောင့်
ကတ္တိပါမင်းသား
ပုရစ်တွေ
အဟိ!
အဖ-သိစေအပ်ပါတယ်
ချာတိတ်

သန္ဓေမှသည်

 
 
 
©2007 - NYP webmaster@nguyinpyin.net မိုးစက် မျက်ရည် သွေးစက်တွေကြားက ရာဇ၀င် ရှင်ပြန်ထမြောက်လာလိမ့်မယ်